Part 28 ( Unicode )

21.7K 1.5K 66
                                    

"ဒေါင်း..."

"....."

"မောင့်ကိုစိတ်ဆိုးနေတုန်းလား"

"....."

"ဒေါင်းရယ် မောင်တောင်းပန်တယ်ဆိုကွာ"

"....."

ဟူး...

တကယ်ချော့ရခက်လေး။ သက္ကရာဇ်မောင်ရယ် မင်းကလဲဘာလို့ ဒေါင်းရဲ့ ပန်းအိုးကိုမှ သွားထိမိရတာလဲ။ အခုတော့ ဒေါင်းက အထိကိုမခံတော့ဘူး။ မဟုတ်ရင်တောင် ဒီရက်ပိုင်း ဒေါင်းက စိတ်ကြည်တာမဟုတ်ဘူး။ ဒီမှာ အလုပ်တွေလဲပြီးပြီဆိုတော့ ရန်ကုန်ပြန်မယ်ကြီးပြောနေတာ။ သက္ကရာဇ်မောင်မှာ ဒေါင်း နားပါစေဦးဆိုပြီး မနည်းဆွဲထားရဖြစ်သည်။

မနက်က သက္ကရာဇ်မောင် ခြံထဲမှာ အားကစားလုပ်ရင်း မကန်တာကြာတဲ့ ဘောလုံးကို အားအားယားယားသွားကန်မိရာ  ဒေါင်းရဲ့ ပန်းအိုးလေးကို ထိမိကာ အရှိန်ကလဲ ပြင်းတော့ ကွဲသွားရသည်။ ဒီကိစ္စ‌ကြောင့်များ နှစ်ရက်သုံးရက် စိတ်ဆိုးနေရင် ဒုက္ခ။

"ရော့ !"

"ဘာလေးလဲဟင် ဒေါင်း မောင်ဘာလုပ်ပေးရမလဲပြော"

"ဘာလုပ်ရမှာလဲ ! မင်းလုပ်လိုက်လို့ ကွဲသွားပြီလေ အသစ်ပြန်စိုက်ရမှာပေါ့ အဲ့ပန်းအိုးအသစ်ကို မ ပြီး ကိုယ့်နောက်လိုက်ခဲ့ အခုချက်ချင်းနော် !"

"ဟုတ်သားပဲ မောင်အခု သယ်ခဲ့ပြီနော် ဒေါင်း သွားနှင့်သွား ခြံထဲကို ဂရုစိုက်သွားနော် မောင့်အမျိုးသားလေး"

"အပိုတွေပြောမနေနဲ့ ! တကယ်ပဲ ကလေးလား ဒီအရွယ်ကြီးကျမှ ဘောလုံးထကန်ရအောင် ပန်းလေးကဖြင့် ပွင့်ခါနီးနေပါပြီဆို မင်း အခုကစပြီးကြပ်ကြပ်သတိထားနေနော် သက္ကရာဇ်မောင် !"

"ဒေါင်းကလဲဗျာ မောင့်ကိုဆို ဆူမယ်ဆိုတာကြီးပဲ အိမ်ထဲမှာနေလဲ ဒေါင်းကမှမောင့်ကိုမှမခေါ်တာလို့ မောင့်မှာရှိတာလေးနဲ့ အဖော်လုပ်နေရတာကို"

"တိတ်စမ်း သက္ကရာဇ်မောင် ကိုယ်အခုရက်ပိုင်း မင်းကိုကြည့်ရနေတာမဟုတ်ဘူးနော် ညလဲညမလို့ မနက်လဲမနက်မလို့ !"

"ဟာ ညကတော့ ညလေဗျာ"

"တော်ပြီ လိုက်ခဲ့‌အနောက်က !"

ᴅᴀᴜɴɢWhere stories live. Discover now