Intro

37.2K 1.5K 105
                                    

<Unicode>
"လမ်းခွဲမယ်!"

"ငါကဆယ်ခါပြန်တောင်ခွဲသေးတယ်"

"ဟက် မိုးထက်မြင့်တဲ့ မြေကြီးထဲကတောင်မထွက်တဲ့အရပ်နဲ့များ"

"ဟိတ် ကြိုက်တာပြောအရပ်ကိုလာမထိနဲ့"

ဒါကတော့၂၆ယောက်မြောက်မိန်းကလေးနဲ့လမ်းခွဲခြင်းပါ။မသိတဲ့သူတေကတော့ ရည်းစားများတယ်ထင်ကြမှာပေါ့။ဒါပေမယ့်ဘယ်သူမှမသိတဲ့တကယ့်အဖြစ်ပျက်ကတော့ လူမှန်ရှာရင်းတဖြည်းဖြည်းရည်းစားအရေတွက်ကများလာတာပါ။

"အလကားကောင်!ရည်းစားတစ်ယောက်ကိုတောင်အဖြစ်ရှိအောင်မတွဲနိုင်တဲ့ကောင်!"

"စိတ်မပါတော့လို့မတွဲချင်တော့ဘူးပြောလိုက်မိတာ ငါမှားလား တကယ်ပဲမိန်းမတေပိုကိုပိုလွန်းတယ် နင့်ကိုတွဲဖို့ပြောမိတဲ့ ငါ့ပါးသာငါပြန်ရိုက်ချင်မိတယ် တကယ်တည်းမှ ငါတွဲနေတာလူလား ဝက်လားတောင်မသဲကွဲဘူး မြိုစို့နေလိုက်တာများ တနေ့သုံးသောင်းအနည်းဆုံးထွက်တယ် ​တော်ကြာနေကိုကိုရေမာလာရှမ်းကောလေးစားချင်လို ခနနေ ကိုကိုရေဝက်သားတုတ်ထိုးလေးစားချင်လို့ ငတ်ချင်လို့ရည်းစားထားသလားအောင့်မေ့ရတယ်အလကားအငတ်မ"

"အမလေး ယောက်ျားကြီးတန်မဲ့ မိန်းကလေးတစ်ယောက်ကိုကပ်ကပ်လန်အောင်ရန်ပြန်တွေ့နေတယ် အဲ့သလောက်နှုတ်သီးကောင်းလျှာပါးဖြစ်နေတာ ၈လက်မရှိတဲ့ကောင်နဲ့bottomထိုင်ရပါစေအေ!"

ဝုန်းဒိုင်းကျဲကာထွက်သွားတဲ့ယုဝနဟာfujoshiပီသပါပေတယ်။ကျိန်သွားတာကိုပဲကြည့်ပါ တနေ့နေဘာမဟုတ်တဲ့ယောကျာ်းချင်းကြိုက်တဲ့ကားတေကြည့်ပီးနှစ်တစ်ထောင်FAမ ဖြစ်နေလို့သနားပီးတွဲလိုက်မိပါတယ်ကိုယ့်လည်ပင်းကြိုးကွင်းစွပ်လိုက်မိသလိုပဲ။အချိန်မှီဖြတ်မိလို့ပေါ့ မဟုတ်ရင်ငါ့ပါအတုနဲ့တက်ဂျိန်းဖို့ကြံစည်မှာကြောက်နေရတာ ခုမှပဲရင်ထဲကအလုံးကြီးကျသွားတော့တယ်။

မိုးထက်မြင့်ပန်းခြံထဲကထွက်လာကာသူ့ကားရပ်ထားတဲ့တဖက်လမ်းသို့ကူးအလာ အရှိန်နဲ့မောင်းလာတဲ့ကားတစ်စီးနဲ့တိုက်မိကာအမှောင်ကမ္ဘာထဲရောက်သွားတော့သည်။

System HeyHey(Completed)Where stories live. Discover now