ချင်းရန်(Arc -2.6)

12.2K 1K 20
                                    

<Unicode>
"ချင်းရန် ကျဲတို့စကားအေးဆေးပြောကြရအောင်"

ဖန်ရှီးဟန်ကိုကြည့်ကာပြောလာတဲ့ချင်းဟွမ်ကြောင့်..

"ခဗျား ကျနော်ဗိုက်ဆာလာလို့တစ်ခုခုယူပေးပါလားဟင်"

ဖန်ရှီးဟန်ကသူ့ကိုတမင်ပထုတ်လိုက်တာသိပေမယ့်ဘာမှမထွန့်မတတ်ပေ။

"အင်း ကိုယ်ယူပေးမယ်နော်"

ဖန်ရှီးဟန်ထွက်သွားတော့မှ...

"ရပီ ကျဲပြောပါ"

"ဒီလိုကွဲ့ အားချင်ရဲ့ အားချင်ကဒီမှာနေရတာပျော်တယ်ဆိုပေမယ့်ကိုယ့်မွေးရပ်မြေလောက်တော့ဘယ်ပျော်စရာကောင်းမလဲ ဟုတ်တယ်မလား"

"ဟုတ်ကဲ့"

"ပီးတော့အားချင်လဲမချစ်မနှစ်သက်တဲ့သူနဲ့အတူနေရတာဘယ်စိတ်ချမ်းမြေ့ပါ့မလဲ"

"အဲ့တော့?"

"အဲ့တော့ အားချင်ကကျဲပြောတဲ့အတိုင်လုပ်ပေး အဲ့လိုဆိုအားချင်လဲမချစ်တဲ့သူနဲ့အတူနေစရာမလိုတော့ဘူးပေါ့"

"ကျနော်ကဘာလုပ်ရမှာလဲကျဲ"

"အဟင်း အလွယ်လေးပါအားချင်ရဲ့"

ချင်းဟွမ်ကလက်တစ်ချောင်းစာအရွယ်သာရှိတဲ့ဆေးပုလင်းလေးကိုထုတ်ကာ...

"ဒါလေးကို ဖန်မင်းကြီးစားမယ့်အစားစာထဲဖြစ်ဖြစ်ထည့်လိုက်"

"ဒါက?"

"ဆယ့်နှစ်မျိုးအဆိပ် ဒါကိုဖန်မင်းကြီးစားမယ့်ထဲထည့်လိုက်  သူနတ်ရွာစံသွားရင်ဖန်တိုင်းပြည်ကိုအရှင်ကအုပ်ချုပ်လိမ့်မယ် ပီးတော့ အားချင်ကိုလဲသူကမိဖုရားခေါင်မြှောက်မှာတဲ့နော်"

"ဟုတ်တယ် ချင်းရန် မင်းလေးလဲကိုယ့်ကိုချစ်နေတာမလား အရင်ကမသိခဲ့လို့လျစ်လျူရှုမိတာကိုယ့်အမှားပါအခုကိုယ်တို့အတူကြိုးစားလိုက်ရင်မင်းလေးအတွက်လဲမနစ်နာစေရပါဘူး ငါကိုယ်တော်ကမင်းကိုအချစ်ရဆုံးမိဖုရားအဖြစ်ထားရှိမှာ"

"ရော့ ဒါလေးကိုယူထားလိုက်"

လက်ထဲကိုထည့်ပေးလာတဲ့ပုလင်းလေးကိုသူတစ်ချက်ကြည့်လိုက်သည်။ထိုအချိန်ပုလင်းရဲ့မျက်နှာပြင်တွင်လူရိပ်တစ်ခုကိုတွေ့လိုက်ရသည်။တကယ်တော့ဖန်ရှီးဟန်ဟာသူကိုယ်နိုင်စားဖိုဆောင်ကိုမသွားပဲခေါင်းမိုးထပ်သို့တက်ကာချင်းရန်တို့စကားဝိုင်းကိုတိတ်တဆိတ်ခိုးနားထောင်နေခြင်းပင်။

System HeyHey(Completed)Where stories live. Discover now