ယောဝန်း(Arc -4.3)

11K 938 20
                                    

<Unicode>
"ဗျာ!!!"

အေးဆေးစွာပြောလိုက်တဲ့စကာတစ်ခွန်းပေမယ့်အားလုံးကကြောင်သွားကြသည်။

"ကျုပ်လိုချင်တာသူ့ကိုမဟုဘူး"တဲ့သူတို့စတူဒီယိုမှာနာမည်ရနေတဲ့မော်ဒယ်ဆိုလို့ဟိုမင်တစ်ယောက်ပဲရှိတာကိုဟိုမင်ကိုမလိုချင်ဘူးဆိုတော့...။

ဟိုမင်မျက်နှာဟာဖြတ်ရိုက်ခံလိုက်ရသလိုပင်။ဘယ်သူထင်မှာလဲမနေ့ကသူနဲ့ပြသနာတက်ခဲ့တဲ့လူကချွန်းgroupကceoကြီးမှန်း။ချွန်းgroupဆိုတာတရှိန်ထိုးအောင်မြင်နေတဲ့ကုမ္မဏီကြီး။ထိုလူ့အခြေနေမျိုးနဲ့တစ်ယောက်ယောက်ကိုမြေတောင်မြှောင်ပေးလိုက်ရင် အဲ့လူရဲ့အောင်မြင်မှုကမြေကြီးလက်ခက်မလွဲပဲ။အခုတော့အားလုံးကတလွဲတေဖြစ်ကုန်ပီ။

"ဒီကceoကကျနော်တို့ရဲ့မော်ဒယ်ကိုလိုချင်တာမဟုရင် ဘယ်သူ့ကိုလိုချင်တာလဲ မသိဘူး"

"ဒီဇိုင်နာယောဝန်းကို"

"ဗျာ?"

"နားမလည်ဘူးလား ကျုပ်ကုမ္မဏီနဲ့ပရောဂျက်အသစ်မှာဒီဇိုင်နာယောဝန်းရဲ့အကူညီကိုလိုတယ် အဲ့တော့သူ့ကိုလိုချင်တယ်"

"အဲ့ အဲ့တာက"

"ဘာလဲပြသနာရှိလို့လား"

"မ မဟုပါဘူး ဟေ့ အရှေ့မှာဘယ်သူရှိလဲယောဝန်းကိုသွားခေါ်ခဲ့စမ်း!"

မန်နေဂျာကြီးကအသံပေးလိုက်တာနဲ့ မကြာပါ သူမျှော်နေရတဲ့အကောင်ပေါက်လေးကအခန်းထဲဝင်လာသည်။သူ့ကိုလဲတွေ့ရောမျက်လုံးလေးပြူးသွားသည်ကအသဲယားစရာလေး။သူလဲမျက်လုံးတစ်ဖက်မှိတ်ပြလိုက်တော့မှတစ်ခုခုကိုနားလည်သွားသလိုသွားတန်းလေးတေပေါ်သည်အထိရီကာခေါင်းလေးညိမ့်နေသည်။

"ကျုပ်သူနဲ့နှစ်ယောက်ထဲစကားပြောချင်တယ်"

"အာ ဟုတ်သားပဲ အေးဆေးပြောကြပါ"

ထို့နောက်တွင်အခန်းထဲ၌သူတို့နှစ်ယောက်သာကျန်နေခဲ့တော့သည်။

"ဆိုတော့ဒါလားကူညီမယ်ဆိုတာ"

"မေးခွန်းမှားတယ် ချာတိတ် ဒါပဲလားလို့မေးရမှာ"

"ဟုတ်ပါပီ ဒါပဲလား"

"no နောက်ထပ်ရှိသေးတယ်"

System HeyHey(Completed)Where stories live. Discover now