လဝန်း(Arc -5.7)(end)

10.7K 902 22
                                    

<Unicode>
"အဲ့ဒါပါပဲမာမီရယ် သားသူ့ကိုတကယ်ချစ်တာပါ"

"ဟင်းး ဘယ်မှာလဲအဲ့ကောင်လေး"

"သားသွားခေါ်ပေးမယ်"

ရှိုင်းထထွက်သွားပီးခနနေတော့လူကောင်သေးသေးလေးနဲ့ကောင်လေးပါလာသည်။သူ့ကိုမဝံ့မရဲကြည့်နေတဲ့ထိုကောင်လေးကြောင့်စိတ်ကိုလျှော့ချလိုက်ကာလေသံဖျော့ဖျော့လေးဖြင့်..

"အဲ့အတုတေချွတ်လိုက်ပါ အန်တီသားပြောလို့သိပီးပါပီ"

"ဟုတ်"

ဆံပင်အတုနဲ့သွားအတုတေချွတ်ကာမော့ကြည့်လာတဲ့ကောင်လေးကတကယ်ကိုချစ်ဖို့ကောင်းပါသည်။အပြစ်ကင်းစင်ပီးအားနည်းတဲ့ပုံပေါ်သည်။

"မာမီသားကောင်လေးကလှတယ်မလား"

"နင့်ပါးစပ်ကိုပိတ်ထား!"

ရှိုင်းဇက်ကလေးပုသွားတော့သည်...

"ဒီကသားလေးကအန်တီသားကိုတကယ်ချစ်မြတ်နိုးတာလား"

"တကယ်ပေါ့မာမီရ!"

"နင့်ပါးစပ်ကိုပိတ်ထားဆိုနေ!နင့်ကိုမေးနေတာမဟုဘူး!"

"ဟုတ်ကဲ့ တကယ်ပါအန်တီ"

အင်း အသံလေးကလဲချစ်ဖို့ကောင်းပါသည်။အစကသူဒေါသထွက်တယ်ဆိုတာ သားတော်မောင်ကသူလက်မထပ်ချင်တာနဲ့ပဲတွေ့ရာလူကောက်ကူလိုက်တယ်လို့ပဲထင်နေတာ။အခုကြည့်ရသလောက်တော့သူ့သားကလဲအရမ်းချစ်ပုံပေါ်ပီး ထိုကောင်လေးကလဲထပ်တူပင်။ရုပ်ဆိုးလို့သဘောမတူချင်တာမဟုရပါ ထိုကောင်လေးကိုသူ့သားကတကယ်မချစ်ပဲနဲ့အသုံးချခံမဖြစ်စေချင်တာပင်။အခုတော့နှစ်ယောက်သားကချစ်ကြတယ်ဆိုတော့လဲ သူမဘက်ကငြင်းစရာမရှိပါ။

"ကဲပါလေ ပီးခဲ့တာတေလဲပီးခဲ့ပီဆိုတော့ ရှေ့ဆက်လျှောက်ဖို့ပဲအရေးကြီးတာပေါ့ အန်တီသားတို့ကိုသဘောတူ..."

"မာမီသဘောမတူလဲသားကယူမှာ!!"

ဂွက်!!

"အ!"

"နင့်ကိုပါးစပ်ပိတ်လို့ပြောထားတယ်လေ!နင်မွှေလို့အားလုံးရှုပ်ယှက်ခက်ကုန်ပီ!ငါဒေါ်ငွေခင်ကိုဘယ်လိုမျက်နှာပြရမှာလဲ အခုချက်ချင်းသူရတို့ကိုဖုန်းဆက်ခေါ် သူတို့မင်္ဂလာပွဲကိုငါအစဆုံးလုပ်ပေးမယ် သူများသားသမီးကိုအဲ့လိုလက်လွှတ်စပယ် ခိုးပြေးလို့ရမလား ဟိုကလဲအရူးမြှောက်ပေးတိုင်းလိုက်လုပ်တယ်"

System HeyHey(Completed)Where stories live. Discover now