စိမ့်စမ်းရေ(Arc -1.4)

14.7K 1.1K 14
                                    

<Unicode>
"ကောင်းရောပဲ နင်မြူစွယ်ကောင်းလွန်းလို့အိမ်ပေါ်ကပါဆင်းရပီ!"

"မာမီရာ ညစ်နေရတဲ့ကြားတဲ့နားမပူစမ်းပါနဲ့!!"

"ဟဲ့ ငါပြောတာမှားလား တော်သေးတာပေါ့ ကိုကြီးရှိနေလို့ငါတို့နေစရာမပျောက်တာ ငါကမွေးထားပေလို့သာပဲငါ့နဲ့တစက်မှကိုမတူဘူး!"

"မာမီ့လူကြီးကရောသူ့မိန်းမကိုလွန်ဆန်ရဲလို့လား ခုတောင်သူ့အိမ်ကိုမခေါ်ပဲတိုက်ခန်းပဲငှါးပေးထားတာကို"

"အဲ့တာကြောင့်နင့်ကိုအားကိုးမိတာပေါ့ အလကားဘာမှသုံးစားမရဘူး မွေးထားတာဗိုက်နာတာပဲအဖတ်တင်တယ် တော်ပီ အခုကစပီးငါခိုင်းတဲ့အတိုင်းပဲလုပ်တော့ အားလုံးကိုငါစီမံမယ် စည်းစိမ်တေကငါတို့အပိုင်ပဲဖစ်ရမယ်"

"စည်းစိမ်တေရောကိုကိုကပါသမီးအပိုင်ဖြစ်စေရမယ် ဟက်!"

•°•°•°•°•°•°•°•°

"ဟို သတောင်းစားကြီးငါ့ကိုတစ်ရက်ပဲလာချော့ပီးဒီနေ့ပေါ်မလာသေးဘူး!"

စိမ့်စမ်းရေနဂိုအကျင့်အတိုင်းခြေထောက်ကိုမြေကြီးနဲ့ဆောင့်နေတော့သည်။

"ချာတိတ်~"

ရင်းနီးတဲ့ခေါ်သံကြောင့်ဝမ်းသာအားရနောက်လှည့်ကြည့်မိတေယ့စိမ့်စမ်းရေမျက်လုံးအပြူးသားဖြစ်သွားတော့သည်။

သက်ပိုင်မျက်နှာဟာမျက်ကွင်းဟောက်ပက်နဲ့နှုတ်ခမ်းတေဖြူဖျော့ပီးတစ်ကိုယ်လုံးသွေးမရှိတော့သယောင်နွမ်းဖတ်နေသည်။နှဖူးမှာလဲအဖျားပျောက်ပလာစတာကြီးကပ်ထားသေးသည်။

"ခ ခဗျားမနေ့ကအကောင်းကြီးပါ ဘယ်ကနေဘယ်လို..."

"အဟွတ် ကိုယ်လဲမသိဘူးချာတိတ်ရယ် ညကရေကိုနောက်ကျမှချိုးလိုက်မိပီးမနက်ကျတော့ခုလိုဖြစ်သွားတော့တာပါပဲ"

တညလုံးမအိပ်ပဲရေပန်းအောက် တမင်ငုတ်တုတ်ထိုင်နေတာဆိုပိုမှန်မယ်။

"ခဗျားရရဲ့လား ခဗျားကြည့်ရတာ လေတိုက်ရင်တောင်လဲတော့မလိုပဲ"

"အဟွတ် ဟွတ် ပြေပါတယ်ချာတိတ်ရယ် အခုချာတိတ်အတန်းချိန်ရှိသေးလားဟင်"

System HeyHey(Completed)Unde poveștirile trăiesc. Descoperă acum