စိမ့်စမ်းရေ(Arc -1.9)(end)

14.8K 1K 36
                                    

<Unicode>
နောက်တစ်နေ့သက်ပိုင်နိုးလာတော့ရင်ခွင်ထဲကအကောင်ပေါက်လေးကိုအရင်ကြည့်မိသည်။တစ်ကိုယ်လုံးသူပေးထားတဲ့ချစ်အမှတ်သားတေနဲ့လှချင်တိုင်းလှနေသည်။တစ်ညလုံးအော်ငိုထားရတာကြောင့်မျက်ခွံလေးတေကအနည်းငယ်အစ်နေသည်။ထို့နောက်ပေါက်နေတဲ့နှုတ်ခမ်းလေးဆီအကြည့်ရောက်သွားတော့ပြုံးလိုက်မိသည်။

အားလုံးကသူ့ရဲ့အချစ်သင်္ကေတတေကြီးပဲ။ဒါတေအကုန်သူလုပ်ထားတာ သူ့တစ်ယောက်ထဲအပိုင်။

မနေ့ကသူရုံးကိုသွားရင်းလမ်းတစ်ဝက်မှာပဲအမည်မသိနံပါတ်တစ်ခုကသူ့အားစာပို့လာတာကြောင့်ဖတ်ကြည့်လိုက်တော့ခေါင်းတည့်တည့်မိုးကြိုးပစ်ခံလိုက်ရသလိုပင်။ချက်ချင်းကားကိုပြန်လှည့်ကာအရှိန်ကုန်တင်ပီးမောင်းတော့သည်။

အိမ်ထဲရောက်ရောက်ချင်းဧည့်ခန်းမှာပြန့်ကျဲနေတဲ့အဝတ်စားတေကြောင့်နှလုံးတစ်စုံကဆွဲညစ်ခံလိုက်ရသလိုပင်။ထိုအချိန်အပေါ်ထပ်ကအသံများကြောင့်တက်ကြည့်မိတော့အခန်းတံခါးရှေ့ကအပေါ်ပိုင်းချွတ်နဲ့လူသုံးယောက်ကတံခါးကိုအတင်းထုရိုက်နေသည်။သက်ပိုင်မျက်လုံးထဲဘာမှမမြင်တော့ပဲထိုလူသုံးယောက်ကိုစတင်ထိုးကြိတ်တော့သည်။ဒေါသနဲ့စိုးရိမ်စိတ်ကမြင့်တက်နေတာကြောင့်ထိုလူသုံးယောက်ကိုမသေရုံတမယ်ထိုးကြိတ်ပီးအခန်းထဲဝင်ရန်အလုပ်လော့ခ်ချထားတာကြောင့်သော့အပိုနဲ့ဖွင့်လိုက်သည်။

အခန်းထဲတွင်ချစ်ရသူလေးမှာသူ့ကိုယ်သူပွတ်သပ်ရင်းညီးညူနေလေသည်။အစကကြောက်လန့်ကာငြင်းနေပေမယ့်သူမှန်းလဲသိရောစိတ်ကိုလျှော့ချလိုက်တဲ့သူလေးကြောင့်စက်ပိုင်အသည်းယားရပြန်သည်။ဆေးဒဏ်ကလဲရှိနေသည့်အပြင်သူကပါစိတ်ပါနေတာကြောင့်သူတို့ရဲ့အချစ်ခရီးကညလုံးပေါက်ကြာခဲ့ပီးနေထွက်ခါနီးမှရပ်တန့်ခဲ့ကြသည်။

သက်ပိုင်သူ့ရင်ခွင်ထဲကနှစ်ခြိုက်စွာအိပ်မောကျနေတဲ့အကောင်ပေါက်လေးကိုမြတ်နိုးစွာနမ်းလိုက်ပီးစောင်သေချာခြုံပေးကာအခန်းပြင်သို့ထွက်လာသည်။သူ့မှာရှင်းစရာတေတပုံကြီးရှိနေသေးတယ်လေ။မနေ့ညကအကောင်ပေါက်လေးအိပ်သွားမှသူစုံစမ်းကြည့်မိတော့အဲ့လူသုံးယောက်ကသူ့မိထွေးရဲ့လင်ငယ်ဆီကနောက်လိုက်တေပင်။အားလုံးကိုခြုံငုံကြည့်လိုက်ရင်အဓိပ္ပါယ်ဟာအတိကျပေါ်လာတာမို့ သူ့အတွက်သည်းခံစရာမရှိတေ့ာ့ပါ။

System HeyHey(Completed)Where stories live. Discover now