ပီ(Arc -7.6)

9.3K 858 9
                                    

<Unicode>
"ပါးပါး ဟိုဦးဦးနှစ်ယောက်ကပါးပါးနဲ့ချစ်နေကြတာလားဟင်"

"ဟင်!"

အိမ်နားကပန်းခြံလေးထဲတွင်အပျင်းပြေလမ်းလျှောက်ရင်းကစ်ရဲ့မေးခွန်းကြောင့်ပီခြေလှမ်းများရပ်တန့်သွားတော့သည်။

"ကစ် အဲ့တာကလေ..."

"စိတ်မပူပါနဲ့ပါးပါး ကစ်နားလည်ပါတယ် ကစ်ကသိချင်လို့မေးကြည့်ရုံပါ ပါးပါးရဲ့ရွေးချယ်မှုကိုကစ်လေးစားမှာပါ"

"သမီးရယ်"

၉နှစ်အရွယ်ကလေးမလေးကဘာလို့များအဲ့လောက်တောင်ရင့်ကျက်လွန်းနေရတာလဲ။ဘယ်အရာမဆိုလူကြီးလေးလိုတွေးခေါ်နိုင်စွမ်းရှိတယ်။အကောင်းဆိုးကိုနားလည်နိုင်စွမ်းရှိပီးလိမ်မာလွန်းတယ်။ဒီလိုကလေးမျိုးကိုနွမ်စွန့်ပစ်ရက်နိုင်တာအံ့သြလို့မဆုံးပေ။

"မေမေ!"

ပီအတွေးနယ်ချဲ့နေတုန်းကစ်ရဲ့အလန့်တကြားခေါ်သံလေးကြောင့်သတိပြန်ဝင်လာသည်။

"ပါးပါး!ဟိုမှာ မေမေ!"

ကစ်လက်ညှိုးထိုးပြတဲ့နေရာကိုလိုက်ကြည့်လိုက်တော့ကားအနက်တစ်စီးပေါ်တက်သွားတဲ့နွမ်အားတွေ့လိုက်ရသည်။

"ပါးပါးတို့လိုက်သွားကြမယ်"

ပီtaxiတစ်စီးကိုတားလိုက်ပီးသူတို့ကားနောက်ကိုနောက်ယောင်ခံလိုက်တော့သည်။ထိုကားကဟော်တယ်တစ်ခုရှေ့တွက်ရပ်သွားပီးကားပေါ်မှနွမ်တဲ့အတူ အရပ်မြင့်မြင့်နဲ့လူကြီးတစ်ယောက်ပါဆင်းလာသည်။

"ဟင့်!!"

ပီထိုနှစ်ယောက်ကိုအာရုံရောက်နေတုန်းဘေးကရှိုက်သံလေးကြောက့်လှည့်ကြည့်လိုက်တော့တကိုယ်လုံးတုန်ရီကာကြောက်လန့်နေတဲ့ကစ်။

"ကစ်!ကစ်!ဘာဖြစ်လို့လဲ ဘာဖြစ်တာလဲ!"

ကစ်ကဘာမှမပြောပဲနွမ်ဘေးကယောက်ျားကြီးကိုသာကြည့်ရင်းတုန်ရီနေသည်။

"သမီးလေး ပါးပါးကိုကြည့်!ပါးပါးရှိတယ်လေနော်"

"ပါးပါး"

တိုးလျှတဲ့ခေါ်သံလေးနဲ့အတူပီရဲ့အကျင်္ီစလေးကိုအားကိုးတကြီးဆုပ်ကိုင်လာလေသည်။

System HeyHey(Completed)Où les histoires vivent. Découvrez maintenant