System Space

13.3K 993 9
                                    

<Unicode>
(ပြန်လည်ကြိုဆိုပါတယ် host)

(အင်း)

(hostဘာဖြစ်လို့လဲဟင် hostကြည့်ရတာငိုချင်နေသလိုပဲ)

(အဟင့် ဗြဲ!!!)

(hostဘာဖြစ်တာလဲ မငိုနဲ့လေ!)

(လွမ်းတယ် ခဗျားကြီးကိုလွမ်းတယ်လို့ အူးဝါး!)

သူ့ဘဝမှာတစ်ခါမှမရခဲ့ဖူးတဲ့ချစ်ခြင်းမျိုးကိုရရှိပီးတဲ့နောက်သူဟာအဲ့လူကြီးကိုနှလုံးသားတစ်ခုလုံးနဲ့ချစ်မိသွားပီဖြစ်သည်။အချိန်တန်ရင်နှုတ်ဆက်လမ်းခွဲရမှာသိပေမယ့်မချစ်အောင်မတားနိုင်ခဲ့သလိုလွမ်းတဲ့စိတ်ကလဲဖြေဖျောက်မရ။

(မငိုပါနဲ့hostရယ်)

(ငိုမှာပဲ!ငါသူ့ကိုဘယ်တော့မှပြန်တွေ့ရတော့မှာမဟုတ်ဘူး အဲ့အတွက်ငါငိုတာဘာဖြစ်လဲ!! ခဗျားရေ ခဗျားရဲ့ ကျနော့်အဖြစ်ကိုလာကြည့်ပါအုံး ကိုယ့်မျက်ရည်နဲ့ကိုယ်ငိုတာတောင် ဒီကြက်မသားကလာပိတ်ပင်နေတယ် အီးဟီး)

(hostရာနားငြီးတယ် နောက်ကမ္ဘာသွားဖို့သင်စရာရှိသေးတယ်လို့)

(လွမ်းတာတောင်မှအားရအောင်မလွမ်းရဘူး ဟင့်ရွှတ် ပြောဘာသင်ရမှာလဲ)

(ရိုးရာအကပါ ရှေ့ကတံခါးပေါက်လေးထဲဝင်သွားလိုက်ပါ)

(ပီးရော)

2နှစ်ခန့်ကြာသော်....

(ကြိုဆိုပါတယ်ဗျ နောက်ကမ္ဘာသွားတော့မလား နားအုံးမလား)

(သွားမယ်)

(ဟုတ်)

စတင်ပို့ဆောင်နေပါပီ 3.2.1

ဒီကမ္ဘာမှာကဇာတ်လိုက်ရဲ့နာမည်ကဝမ်လင်းယောင် ပြည့်ရှင်ဘုရင်တစ်ပါးဖြစ်ပီး ဇာတ်လိုက်မကချင်းဟွမ် အကမယ်တစ်ယောက်။ဇာတ်လိုက်မမှာချင်းရန်လို့ခေါ်ရဲ့အမွှာမောင်တစ်ယောက်ရှိပီးသူကလဲကချေသည်ကောတစ်ယောက်။အမွှာဆိုပေမယ့်ရုပ်ချင်းကသိပ်မတူပဲ ချင်းရန်ကဇာတ်လိုက်မထပ်အဆပေါင်းများစွာပိုလှတယ်။ဒါကိုမနာလိုတဲ့ဇာတ်လိုက်မကချင်းရန်ရဲ့အလှကိုဘုရင်မင်းမြတ်မမြင်နိုင်အေင်အမြဲပုဝါကိုအုပ်ခိုင်းထားခဲ့တယ်။ဘာလို့ဆိုသူရောချင်းရန်ကပါဇာတ်လိုက်ကိုကြိုက်နေတာကြောင့် တကယ်လို့ဘုရင်ကသာချင်းရန်အလှကိုမြင်သွားရင်သူ့ကိုမရွေးပဲချင်းရန်ကိုတော်ကောက်လိုက်မှာဆိုးတာကြောင့်ပင်။ထိုပြင်နန်းတွင်းထဲမှာချင်းရန်ဟာအလွန်ရုပ်ဆိုးတာကြောင့်ပုဝါအုပ်ထားစေတာလို့ကောလဟာလကိုဖြန့်စေခဲ့သည်။

System HeyHey(Completed)Where stories live. Discover now