real life

8.1K 693 23
                                    

<Unicode>
(hostရောက်ကတည်းကပြုံးစိစိနဲ့ဘာဖြစ်လာတာလဲ မဟုတ်မှ!!!!)

"ဘာလဲ"

(ပိုက်ဆံကောက်ရလာတာမလား ဘယ်လောက်လဲ! တစ်ယောက်ထဲယူမထားနဲ့လေ တစ်ဝက်ခွဲပေး ပေး အခုပေး!)

"မင်းကတစ်မျိုး ဘာပိုက်ဆံမှကောက်ရတာမဟုဘူး ဟိဟိ ကြည်နူးလာတာ"

(အော်....အပြင်မှာဘာတေလုပ်လာကြတာလဲ ပြောစမ်း!!)

"ဟင့်အင်း ဘာမှမလုပ်ဘူး ခဗျားကသူစိတ်ပါနေတာတောင် သူ့စိတ်သူထိန်းပီးငါ့ကိုဘာမှမလုပ်ဘူး"

(hostကိုယ်ကနံလို့ဖြစ်မှာပေါ့)

"ဒီ.... အဲ့တာဘယ်လောက်ကြည်နူးစရာကောင်းလဲ သူငါ့ပေါ်ထားတဲ့မြတ်နိုးမှု တန်ဖိုးထားမှုကိုမြင်ရတာပေါ့"

(အော်... ကောင်းပါတယ် ကောင်းပါတယ်)

"ဒါပေမယ့်မကောင်းဘူး"

(ဘာဖြစ်ရပြန်တာလဲ!)

"ငါကသူစိတ်ပါတော့ရင်ခုန်သွားတာပေါ့ ဒါပေမယ့်သူကဘာမှမလုပ်တော့စိတ်ညစ်သွားတာပေါ့လို့"

(ငါ!တယ်!ရွလိုက်တဲ့host!)

"ဘာဖြစ်လဲ ငါ့ဟာငါရွတာ သူကအဲ့လိုအခွင့်ရေးမယူတတ်တဲ့သူမှန်းသိတော့ ငါပိုပီးပေးချင်တာပေါ့!"

(ငါမှားတာ လျှာရှည်ပီးမေးလိုက်မိတာကိုကငါမှားတာ)

............

မိုးထက်ညစာစားပီးနောက်ရေချိုးကာအိပ်ရာပေါ်တက်လိုက်သည်။အိပ်ပျော်ခါနီးအချိန်တွင်ပြတင်းပေါက်မှအသံကြောင့်မျက်လုံးပွင့်လာတော့သည်။

"ဘာလဲဟ!သရဲလား!"

ပြတင်းပေါက်တွင်လူရိပ်ကြီးရှိနေတာကြောင့် မိုးထက်လန့်ကာစောင်ကိုခေါင်းထိခြုံလိုက်ပီး ရှိရှိသမျှဘုရားစာကိုရွတ်နေတော့သည်။ထိုအချိန်သူ့စောင်ကိုလက်တစုံကိုလာဆွဲနေလေသည်။

"အား!မေမေရေ!သရဲ!!"

"ရှူးး!ကိုယ်ပါ"

"အီးဟီး ကိုယ်ပါတဲ့ ခေါင်းမပါဘူးပေါ့!အမလေး ခေါင်းပြတ်သရဲပါ မေမေရေ!!!"

"ချာတိတ်!ကိုယ် ကိုယ်မင်းချစ်သူ အာဏာလွှမ်းပါ!"

"ဟင်!"

System HeyHey(Completed)Where stories live. Discover now