real life

7.5K 619 28
                                    

<Unicode>
"ရပါပီ ယုဝနရယ် ချာတိတ်ကလှနေပီးသားကို ထပ်မလိမ်းနဲ့တော့"

"ဟဲ့ အကို နင်အသာနေစမ်းပါ ငါလုပ်နေတာငါသိတယ် ပါးပါးလေးပဲချယ်နေတာပါဟယ် မဟုတ်ရင်ကင်မရာထဲမှာရုပ်ထွက်မလှမှာဆိုးလို့"

မိုးထက်ကမှန်တင်ခုံရှေ့တွင်ထိုင်ကာယုဝနကမိတ်ကပ်ပြင်ပေးနေသည်။ပြင်ဆရာခေါ်ချင်ပေမယ့်ယုဝနကသူပြင်ပေးချင်ပါတယ်ဟုဆိုတာကြောင့်လက်ခံခဲ့ရသည်။ဒါကိုအာဏာမှာဘေးကနေပွစိပွစိဖြင့်လုပ်နေသည်။

"ဟေ့ကောင်တေမပီးသေးဘူးလား ပွဲကစတော့မယ်ကွ!! ဟိုကောင်မင်းဘာရပ်လုပ်နေတာလဲ မင်းကစင်ပေါ်ကနေသွားစောင့်နေရမှာလေ!"

"ချာတိတ်ကိုစိတ်မချလို့ပါ အန်ကယ်ဖေဖေ"

"ငါမျက်စိနောက်အောင်လာမလုပ်နဲ့!သွားအခု!"

"သွားပါခဗျားရယ် ကျနော်လဲပီးပီခနနေထွက်လာမယ်နော်"

"မြန်မြန်လာနော် ချာတိတ် ကိုယ်စောင့်နေမယ်နော်"

"အင်းပါ"

ချော့မော့ပြောလိုက်မှစူပုတ်ပုတ်နဲ့ထွက်သွားတော့သည်။ဒါတောင်အခန်းပြင်ကနေထပ်လာချောင်းကြည့်သွားသေးသည်။

(အမလေးနော် တစ်ချို့တေများလင်ဘယ်လောက်တောင်လိုချင်နေလဲမသိပါဘူး)

"မင်အားကျနေတာမလား ငါသိသားပဲ"

ထိုအချိန်အခန်းထဲသို့ကောင်လေးတစ်ယောက်ဝင်လာပီး..

"ဟိုလေ ပစ္စည်းမှာထားတာလေး လာပို့တာပါဗျ"

deliကောင်လေးကအထုပ်တေကိုင်ကာပါးလေးတေရဲနေသည်မှာချစ်စရာကောင်းလွန်းနေသည်။

"ဟုတ်သားပဲ ငါမေ့နေတာ"

ယုဝနအထုပ်တေယူကာမိုးထက်ကိုလှည့်ကြည့်ပီး....

"နင့်အတွက်ငါ့လက်ဖွဲ့လေ ဟင်း ဟင်း ဟင်း"

"ဘာလဲ ဘာလို့အဲ့လိုကြီးရယ်နေတာလဲ ငါလန့်လာပီ ဘာတေအဲ့တာ"

ယုဝနကမဖြေပဲပြုံးစိစိလုပ်နေပီးdeliကောင်လေးကတော့မျက်နှာတေပိုရဲလာတော့သည်။

"ဟို ပစ္စည်းရရှိကြောင်းလက်မှတ်လေးထိုးပေးပါ"

ယုဝနလက်မှတ်ထိုးပေးလိုက်ပီးထိုကောင်လေးကိုစူးစိုက်ကြည့်နေတာကြောင့်ကောင်လေးမှာမနေတတ်တော့ပဲ...

System HeyHey(Completed)On viuen les histories. Descobreix ara