real life

9.6K 879 67
                                    

<Unicode>
"တီလေး အကိုရော"

"သမီးအကိုကသူ့အခန်းထဲမှာ အလုပ်လုပ်နေတယ်ထင်တယ် ဝင်သွားလိုက်"

"ဟုတ် တီလေး"

ယုဝနအပေါ်ထပ်သို့တက်ကာအာဏာရဲ့အခန်းရှေ့ရပ်လိုက်ပီး...

ဒေါက် ဒေါက်

"အကို ငါဝင်လာပီနော်"

အခန်းထဲဝင်သွားတော့အာဏာကဆိုဖာပေါ်တွင်ကွန်ပျူတာတစ်လုံးနဲ့အလုပ်ရှုပ်နေသည်။

"ဟဲ့ အကို"

"အင်း"

အသံပြုလိုက်ပေမယ့်မျက်လုံးကတော့ကွန်ပျူတာမှာသာ..

"ငါပြောစရာရှိလို့"

"ငါမအားဘူး ပီးမှပြော"

"ငါအခုပြောမှာ မိုးထက်မြင့်အကြောင်းဟ!"

ကွန်ပျုတာနှိပ်နေတဲ့လက်များကရပ်တန့်သွားပီးသူ့ကိုမော့ကြည့်လာသည်။

"မနေ့ကမိုးထက်ကငါ့ကိုအပြင်မှာချိန်းပီးအကူညီတောင်းတယ်ဟ!"

"အင်း"

"သူ့အိမ်ကသူနဲ့ငါ့ကိုပေးစားချင်နေလို့တဲ့"

"ဘာ!!!"

"အမလေး!လန့်တာဟယ်"

"ချာတိတ်ကလက်ထပ်လို့မဖြစ်ဘူးလေ!"

"သူနဲ့ငါကလဲလက်မထပ်ချင်ပါဘူး ဒါပေမယ့်သူ့မိဘတေကသူခြေငြိမ်အောင် အိမ်ထောင်ပြုပေးချင်နေကြတာ ငါမှမဟုတ်လဲ တခြားတစ်ယောက်နဲ့ပေးစားမှာ အဲ့တာကြောင့်သူကစိတ်ညစ်နေတာ ငါကနင်သိချင်မလားလို့လာပြောပြတာ"

အာဏာကခေါင်းကြီးငုံ့ကာတစ်ခုခုကိုအသည်းသန်စဉ်းစားနေသည်။

"အကို"

"....."

"နင်သူ့ကိုကြိုက်နေတာမလား"

"ငါကကြိုက်တာမဟုဘူး ချစ်တာ"

"အေးပါဟယ် ငါမှားတာ!နင်သူ့ကိုချစ်ရင် ဖွင့်ပြောလိုက်လေ"

"ငါချစ်ပေမယ့်လဲ ချာတိတ်ကပြန်ချစ်ပါ့မလား ချာတိတ်ကမိန်းကလေးတေကိုပဲတွဲတာ ငါကယောက်ျားတစ်ယောက်လေ"

"နင်ကလဲ မကြိုးစားကြည့်ပဲနဲ့မသိနိုင်ဘူးလေဟာ!ဘာလဲ နင်ကသူ့ကိုစွန့်လွှတ်ပေးမလို့လား!"

System HeyHey(Completed)Where stories live. Discover now