စိမ့်စမ်းရေ(Arc -1.6)

13.8K 1K 1
                                    

<Unicode>
"အမလေး!"

ရုတ်တရက်မိန်းမနှစ်ယောက်ရဲ့အော်သံကြောင့်သက်ပိုင်ရောစိမ့်စမ်းပါအယောင်ယောင် မှားမှားနဲ့ခွာလိုက်ကြတော့သည်။ထိုမိန်းမတေကအခြားသူမဟုတ်ဇာတ်လိုက်မနဲ့သူ့အမေသာ။

"သားလေး"

"ကိုကို!"

ရွှန်းလဲ့ကစိမ့်စမ်းရေကိုကျော်ပီးသက်ပိုင်းအားပြေးဖက်ရန်အလုပ်သက်ပိုင်ကရှောင်လိုက်တာကြောင့်မှောက်ယှက်လဲသွားတော့သည်။

"ကိုကို အဟင့် ညမလေးနာသွားပီ"

"နာ သေ!"

"ဘာ!နင်ဘာပြောလိုက်တယ်အခြောက်ကောင်! ကိုကို!သူကဘယ်လိုလုပ်ဒီအိမ်ပေါ်ရောက်နေရတာလဲ!"

"ငါလာနေခိုင်းထားတာ ငါ့အိမ်ပေါ်ငါခေါ်ချင်တဲ့သူခေါ်တင်တာပြသနာရှိလို့လား"

အေးစက်စက်ပြန်ဖြေလာတဲ့သက်ပိုင်ကြောင့်ရွှန်းလဲ့မှာတန့်ကနဲ့ ဘာပြန်ပြောရမလဲမသိ။ထိုအခြေနေကိုရွှန်းလဲ့ရဲ့အမေကဝင်ဖြန်ဖြေလေသည်။

"ဒီကသားလေးက သားပိုင်လေးရဲ့သူငယ်ချင်းထင်တယ် အန်တီကသားပိုင်လေးရဲ့အုပ်ထိန်းသူပါကွယ်"

*ဟန်ဆောင်လုပ်ပြုံးကြီးမှန်းအသိသာကြီးကို ဟွန့်!*

"ကျနော်က..."

"မလိုအပ်တဲ့သူတေကိုပြန်နှုတ်ဆက်စရာမလိုဘူးချာတိတ် လာမနက်စာစားရအောင်"

ရွှန်းလဲ့တို့သားအမိမှာမျက်နှာကိုဖြတ်ရိုက်ခံလိုက်ရသလိုပင်။

"အဲ့မှာဘာရပ်လုပ်နေတာလဲ အိမ်ရှင်တေမနက်စာစားတော့မှာ ဘာလဲခဗျားတို့ကစားပီးသာပန်ကန်ဆေးဖို့ရပ်စောင့်နေကြတာလား"

"တောက်စ်!!"

သက်ပိုင်စကားကြောင့်ရွှန်းလဲ့တို့သားအမိမှာရူးရူးရှဲရှဲဖြင့်လှည့်ပြန်သွားကြတော့သည်။

"သူတို့ကိုစိတ်ထဲမထားနဲ့ချာတိတ်"

"ခဗျားအဆင်ပြေရဲ့လား"

"ကိုယ့်ကိုစိတ်ပူလို့လား"

"အင်း"

အံ့သြသွားဟန်နဲ့သူ့အားကြည့်လာတဲ့သက်ပိုင်ကိုစိမ့်စမ်းနူးညံ့စွာပြုံးပြလိုက်သည်။

System HeyHey(Completed)Where stories live. Discover now