ခိမဲရ(Arc -6.4)

10.9K 931 20
                                    

<Unicode>
ခနနေတော့ကိုးလ်ရုံးခန်းထဲပြန်ဝင်လာတော့ဆိုဖာပေါ်မှာကိတ်မုန့်စားရင်းအိပ်ပျော်နေတဲ့ခိမဲရ။လက်ထဲမှာလဲစားလက်စကိတ်မုန့်ကိုကိုင်ထားပီးပါးစပ်ထဲမှာလဲကိတ်မုန့်​တေအပြည့်။

ကိုးလ်းသူလေးလက်ထဲကကိန်မုန့်လေးကိုယူကာwetတစ်ရှူးနဲ့လက်လေးနှစ်ဖက်လုံးကိုသန့်စင်ပေးပီး ပါးစပ်ကိုပါသုတ်ပေးဖို့လုပ်ပေမယ့် သူလေးပါးစပ်ထဲမှာကိတ်မုန့်တေရှိနေသေးတာကြောင့်ကိုးလ်သူ့နှုတ်ခမ်းကိုထိကပ်လိုက်ပီး ခိမဲရပါးစပ်ထဲကကိတ်မုန့်များကိုလျှာဖြင့်သူ့ပါးစပ်ထဲလွှဲပြောင်းယူလိုက်သည်။

ကိတ်မုန့်စားနေတ့ဟေးဟေးbe like -

(ဝေါ့!အော့! ထွီ ထွီ အား!ငလူးrsတေ!အော့!)

ထိကပ်လိုက်မိတဲ့နှုတ်ခမ်းလေးကအိစိစိနဲ့ဂျယ်လီတုံးလေးတေလိုပင်။ကိတ်မုန့်ရဲ့ချိုတဲ့အရသာကိုတောင်သူမသိတော့။ထိုနှုတ်ခမ်းလေးတေကကိတ်မုန့်ထက်အစပေါင်းများစွာပိုချိုသည်။ခနကြာတော့သူလေးကအသက်ရှူကြပ်လာသည်ထင် လူးလွန့်ကာရုန်းလာတာကြောင့်လွှတ်ပေးလိုက်တော့ပါးစပ်လေးဟကာအသက်ရှူနေတော့ ပေါ်လာတဲ့လျှာရဲရဲလေးကသူ့စိတ်ကိုထိန်းမရအောင်လုပ်နေပြန်သည်။ကိုးလ်သူ့ကိုယ်သူတောင်သတိမထားမိပဲဟော်မုန်းများကိုထုတ်နေမိသည်။

"ဟင်!"

ကိုးလ် အမှတ်မထင်ပဲခိမဲရရဲ့လျှာရဲရဲကိုကြည့်မိတော့သူလေးရဲ့လျှာပေါ်တွင်တြိဂံပုံအမှတ်သားလေးရှိနေသည်။ထိုအခါမှသူ့ဟော်မုန်းများကိုအမြန်ပြန်သိမ်းလိုက်ရသည်။မဟုတ်ရင်အမှတ်သားပေးခံထားရတဲ့omegaအတွက်တခြားalphaရဲ့ဟော်မုန်းကအရမ်းအန္တာရာယ်များသည်။ကိုးလ်းအခန်းပြင်ထွက်ဖို့လုပ်တော့ခိမဲရကအိပ်နေရင်းပင်သူ့အကျင်္ီစလေးကိုဆွဲထားတာလေသည်။

"ဘာလဲ ဘာလို့သူကဘာမှမဖြစ်တာလဲ"

သူ့ဟော်မုန်းတေရနေပေမယ့်လဲခိမဲရကဘာမှမဖြစ်သွားတဲ့အပြင် ပိုလို့တောင်နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်နေတာကြောင့်ကိုးလ် တစ်ခုခုကိုသေချာအောင်ကြည့်မှဖြစ်တော့မည်။အမှတ်သားပေးခံထားရတဲ့omegaကသူ့alphaရဲ့ဟော်မုန်းကိုရရင်အဲ့အမှတ်သားကအရောင်လင်းလာတတ်တယ်။

System HeyHey(Completed)Where stories live. Discover now