ရော်မန်(Arc -3.2)

11.9K 998 23
                                    

<Unicode>
ဟင်နရီသူ့ရှေ့ကကောင်လေးကိုသာတစိမ့်စိမ့်ကြည့်နေမိသည်။ကိတ်မုန့်စားနေတာများနှုတ်ခမ်းမှာခရင်တေကိုပေပွလို့။မစ်ရှိတ်ကိုလဲပါးလေးတေဖောင်းတဲ့အထိနှုတ်ခမ်းရဲရဲလေးနဲ့စုပ်သောက်နေတယ်။

မြင်မြင်ချင်းအချစ်ကိုသူယုံတယ်။ဘာလို့ဆိုသူကိုတိုင်ကြုံတွေ့လိုက်ရလို့လေ။ဒါပေမယ့်ခုနကအခြေနေတေကိုကြည့်ခြင်းအားဖြင့်သူလေးကဂျနီဖာကိုမကျေနပ်လို့သူ့ကိုလာကပ်ပုံရသည်။ဒီကလေးကမီးနဲ့ဆော့ချင်နေတာပဲ။မရဘူးချာတိတ် ကိုယ်ကကစားစရာမဟုဘူး ကိုယ်ကမင်းရဲ့....။

•°•°•°•°•°•°•

"ပရော်ဖက်ဆာ"

ဟင်နရီသူ့စာသင်ချိန်ပီးလို့နားနေခန်းသို့အလာသူ့နားနေခန်းရှေ့မှာရပ်နေတဲ့ဂျနီဖာကြောင့်နားထင်ကိုဖိနှိပ်လိုက်တော့သည်။

"ကိစ္စရှိလို့လား ကျောင်းသူဂျနီဖာ"

"ပရော်ဖက်ဆာကလဲသူစိမ်းမဆန်ပါနဲ့"

"ကိုယ်တို့ကသူစိမ်းတေပဲလေ ကိစ္စမရှိရင်ကိုယ့်နားချိန်တေကိုလာမဖြုန်းပါနဲ့"

ဟင်နရီ ဂျနီဖာကိုကျော်လို့နားနေခန်းထဲဝင်ရန်အလုပ်..

"ခန ပရော်ဖက်ဆာ"

ဂျနီဖာကဟင်နရီရဲ့နောက်ကျောကနေခါးကိုသိုင်းဖက်လာတာကြောင့်တွန်းပစ်လိုက်ကာ...

"ဒီလုပ်ရပ်က ပထမဆုံးအကြိမ်နဲ့နောက်ဆုံးအကြိမ်ဖြစ်ပါစေ!နောက်တစ်ခါဆိုကျောင်းအုပ်ကိုပြောပီးမင်းကိုကျောင်းထုတ်ခိုင်းလိုက်မယ်!!!"

ဂျိန်း!!

တံခါးကိုဆောင့်ပိတ်လို့အခန်းထဲဝင်သွားတဲ့ဟင်နရီအားကြည့်ကာဂျနီဖာကနှုတ်ခမ်းတစ်ဖက်ကော့တက်သွားအောင်ပြုံးလိုက်သည်။ထို့နောက်ထောင့်တစ်နေရာကလူတစ်ယောက်ကထွက်လာပီး....

"အဆင်ပြေလား"

"အလှဆုံးပုံဖြစ်နေမှာသေချာတယ်"

"ကောင်းပီ ကျောင်းwebsiteမှာတင်လိုက် ပီးတော့ငါ့ဖုန်းထဲလဲပို့ပေးအုံး လုပ်စရာရှိလို့"

°•°•°•°•°•°

ရော်မန်ဒီနေ့လည်းဟင်နရီနဲ့လျှောက်လည်ဖို့အတွက်ရေမိုးချိုးကာရှိုးထုတ်နေတော့သည်။ထိုအချိန်ဖုန်းမှnotiတက်လာတာကြောင့်ဖွင့်ကြည့်လိုက်တော့..

System HeyHey(Completed)Where stories live. Discover now