ပီ(Arc -7.4)

9.6K 865 17
                                    

<Unicode>
"သားလေး ဂျိုးဆက်ရေ အောက်ခနဆင်းလာပါအုံးကွယ်!"

ဂျိုးဆက်သူ့အမေခေါ်သံကြောင့်အောက်ထပ်သို့ဆင်းသွားတော့ဧည့်ခန်းတွင်သူ့အမေနဲ့အတူထိုင်နေတဲ့မိန်းကလေးတစ်ယောက်။

"လာ သား သားကိုမိတ်ဆက်ပေးရအုံးမယ် သူ့နာမည်ကနွမ်တဲ့ မလှဘူးလားသားလေ"

"မလှပါဘူး"

နွမ်မျက်နှာပျက်သွားပေမယ့်ချက်ချင်းပြန်ထိန်းကာ....

"ကိုကိုကတော့နောက်ပီ ဟင်း ဟင်း"

"မင်းနဲ့ငါ့အသက်ကအလွန်ဆုံးကွာမှ၃နှစ်ပေါ့ ဘာကိုကိုလဲ!"

"သားကလဲကွယ် သမီးလေးကိုစမနေပါနဲ့ ဟိုမှာလန့်နေပီ"

"မာမီပြောစရာမရှိတော့ရင်သားသွားတော့မယ်"

"နေအုံး မာမီပြောချင်တာက သားကိုနွမ်လေးနဲ့လက်ထပ်ပေးချင်တယ်"

"ဟင်းးသားလက်မထပ်ချင်သေးဘူးလေမာမီ"

"အဟင်း ငါ့သားကဘယ်တုန်းကမာမီ့စကားကိုပယ်ရှားလို့ရဖူးလို့လဲ"

"ဒါဆို လက်တော့မထပ်ချင်သေးဘူး အရင်စေ့စပ်ထားရအောင်လေနော် မာမီ"

ဂျိုးဆက်စကားကြောင့်သူမခနလောက်စဉ်းစားပီးသဘောတူလိုက်သည်။မယူတာထက်စာရင်စေ့စပ်ထားတာကစိတ်ချရသည်လေ။နွမ်ကတော့သိပ်သဘောမကျပေမယ့်ဘာမှတော့ဝင်မပြောပေ။

"သူ့မိဘတေကောသိပီးပီလားမာမီ"

"နွမ့်မိဘတေကနိုင်ငံခြားမှာ နွမ်ကတစ်ဦးထဲသောသမီးလေ ဒီမှာကျောင်းတက်ရင်းတစ်ယောက်ထဲနေတာ"

"အော်..."

*ဘာတစ်ယောက်ထဲနေတာလဲ ကလေးအမေကများ*

ထို့နောက်ဂျိုးဆက်ကသူသိချင်တာများကိုတဖက်လက်နဲ့မေးရန်လုပ်သည်။

"မာမီနဲ့နွမ်ကဘယ်လိုများသိသွားကြတာလဲ"

"အော် နွမ်နဲ့မာမီကမိတ်ဆုံစားပွဲတစ်ခုမှာတွေ့ကြတာလေ အဲ့ကနေရင်းနီးသွားကြတာ အဲ့မှာ...."

အမှန်ကနွမ်ဟာစပွန်ဆာအဘိုးကြီးရဲ့ပါတနာအဖြစ်လိုက်ပါလာတာကိုတော့သူမ မသိခဲ့ချေ။အပွေးမြင် အပင်သိဆိုသလို နွမ်ကသူမကိုတစ်ချက်ကြည့်လိုက်တာနဲ့ရေလျှံမယ်မှန်းသိလိုက်သည်။အမှတ်မထင်ပါနဲ့ သူမမှာသားတစ်ယောက်ရှိတယ်ဟုကြားလိုက်ရတာကြောင့် နွမ်ရဲ့ပစ်မှတ်ကသူမဖြစ်သွားတာပင်။

System HeyHey(Completed)Where stories live. Discover now