လဝန်း(Arc -5.1)

10K 906 2
                                    

<Unicode>
လဝန်းဒီအိမ်ကိုစရောက်ပီဆိုထဲလုပ်လိုက်ရတဲ့အလုပ်ဆိုတာ စင်ဒရဲလားရှုံးတယ်။တိုက်လိုက်ရတဲ့ကြမ်း လျှော်လိုက်ရတဲ့အဝတ်ဆိုတာဖက်ဖက်ကိုမော။ချက်လိုက်ရတာဆိုတာလဲ နာမည်ကြီးစားသောင်ဆိုင်ကစားဖိုမှူးတေတောင်သူ့လောက်ချက်ရမယ်မထင်ဘူး။ဟိုပြာကလပ်စိန်မကလဲတစ်နေ့ကိုသုံးခါလောက်အကျင်္ီကိုလဲဝတ်နေတာလျှော်ရတဲ့လူကလက်ပြုတ်ထွက်တော့မယ်။ဟိုအဘွားကြီးကလဲခိုင်းလိုက်အလုပ်ဆိုတာမပြောလိုက်ချင်ဘူး ပီးရင်ပါးစပ်ကလဲဗျစ်တောက်ဗျစ်တောက်နဲ့။အခုလဲသူတို့သားအမိအဝတ်တေလျှော်ပီးလှန်းနေရတယ်။

*ဟင်း ဟင်း ငါလူကြီးလာတော့မှငါ့ကိုလုပ်ခဲ့သမျှ၂ဆပြန်ပညာပေးပစ်မယ် ဟွန့်!*

လဝန်းဆူပုတ်ကာဝံရန်တာတွင်အဝတ်လှန်းနေသည်။ထိုအချိန်ခြံထဲသို့ကားတစ်စီးဝင်လာသည်။သူလဲဟိုအဘွားကြီးရဲ့မိတ်ဆွေတေပဲထင်ပီးကိုယ့်အလုပ်သာကိုယ်ဆက်လုပ်နေသည်။

ရှိုင်းအာဏာတို့ကားခြံထဲစဝင်တကည်းကရှိုင်းကဟိုကြည့်ဒီကြည့်လုပ်ရင်းဝံရန်တာကကောင်လေးကိုမြင်လိုက်ရသည်။သွားခေါခေါဆံပင်ကောက်ကောက်နဲ့ရုပ်ဆိုးပေမယ့် ခန္တာကိုယ်လေးကအရမ်းဆွဲဆောင်မှုရှိသည်။အသားရည်လေးကလဲဝင်းအိပီ ရေအနည်းငယ်စိုနေတဲ့အဝတ်စားတေကအသားနဲ့ကပ်နေတာကြောင့်သေးသွယ်တဲ့ခါးနဲ့ခန္တာကိုယ်ကောက်ကြောင်းလေးကထင်းနေသည်။

"ဟျောင့် ရှိုင်း ဘာတေငေးနေတာလဲ ဆင်းလေ"

ဘေးကသူရသတိပေးတော့မှပဲအသိဝင်ကာကားပေါ်ကဆင်းလိုက်သည်။ထို့နောက်ဝံရန်တာကိုထပ်ကြည့်မိတော့ခုနကကောင်လေးကမရှိတော့။

"ဟယ် သားရှိုင်းလေးတို့ရောက်လာကြပီလား"

"ဟျောင့် ဖြေလိုက်လေ"

ကြောင်နေတဲ့သူရကိုရှိုင်းကတံတောင်နဲ့ထိုးကာသတိပေးလိုက်ပီးလေသံတိုးတိုးလေးဖြင့်...

"လူချင်းလဲထားတယ်လေ မင်းကရှိုင်းအာဏာ ငါကသူရ မှတ်မိတယ်မလား"

"ok ok"

"လာ လာ အိမ်ထဲကို သမီးရေ ဒီမှာသားရှိုင်းတို့လာတယ်!"

System HeyHey(Completed)Where stories live. Discover now