real life ⚠

7.6K 556 20
                                    

<Unicode>
မိုးထက်အိပ်ရာကနိုးလာတော့မျက်နှာကျက်အသစ်ကြောင့်လန့်ကာငုတ်တုတ်ထထိုင်လိုက်မိသည်။

"ဘာလဲဟ!ဟန်နီးမွန်းတောင်ထွက်လာပီလား"

ဘေးတွင်မှန်ဖြင့်ပြုလုပ်ထားတဲ့နံရံများကြောင့်နေထွက်ကာစပင်လယ်ပြင်ရဲ့အလှကိုထင်ရှားစွာမြင်နေရသည်။

"ကိုယ့်ချာတိတ်တောင်နိုးနေပီလား အိပ်ရေးဝရဲ့လားကလေးလေးဟင်"

မိုးထက်ရဲ့ဘေးဝင်ထိုင်ကာနှဖူးလေးကိုနမ်းကာမေးလာတဲ့အာဏာကြောင့်ရင်ခွင်ထဲခေါင်းတိုးဝေ့ကာ...

"ခဗျားခေါ်လာတာလား အထုပ်တေနဲ့ကိုခဗျားပင်ပန်းနေမှာပဲ"

"မပင်ပန်းပါဘူးကွာ ကိုယ့်ရဲ့အားဆေးလေးဘေးမှာရှိနေတာကို ရွှတ်"

ပါးဖောင်းဖောင်းလေးကိုနှာခေါင်းနဲ့ဖိကပ်နမ်းလိုက်တော့အိကနဲ။အိပ်ရေးဝထားတော့မျက်နှာလေးကလန်းနေသည်။ဟန်းနီးမွန်းအတွက်မနက်ကသူ့မှာအစောကြီးထကာကားပေါ်ပစ္စည်းတေအားလုံးတင်ပီး အိပ်ပျော်နေတဲ့ချစ်ရသူလေးကိုမနှိုးရက်တာကြောင့်ချီခေါ်လာသည်။ပင်ပန်းလွန်းနေတဲ့ချစ်သူလေးကလဲတစ်လမ်းလုံးမနိုးတဲ့အပြင် ဘန်ကလိုအထိပါသူကိုယ်တိုင်အထုပ်တေရော လူကိုပါသယ်လာခဲ့ရသည်။သို့ပေမယ့်ပင်ပန်းထားသမျှဟာ ချစ်သူလေးရဲ့ကြည်လင်နေတဲ့မျက်နှာလေးကြောင့်ယူပစ်သလိုပျောက်ကင်းသွားသည်။

"ကဲ ဒါဆိုမျက်နှာသစ် မနက်စာကိုယ်စီစဉ်ထားတယ်"

"ဟုတ်"

••••••••••••

ကမ်းခြေကိုကြားခံမရှိမြင်နေရတဲ့အမိုးပါတဲ့အပန်းဖြေတဲလေးထဲတွင်ပင်လယ်စာမနက်စာကစားချင်စဖွယ်ပင်။

"ထိုင် ချာတိတ်"

ခုံလေးဆွဲကာထိုင်စေပီးစားပွဲပေါ်ကစားစရာတေကိုသူကိုယ်တိုင်ပန်းကန်ထဲထည့်ကာပြင်ပေးလေသည်။နှစ်ယောက်သားပင်လယ်လေညှင်းလေးခံလိုက်မနက်စာစားလိုက်ဖြင့် ပူပူနွေးနွေးခင်ပွန်းလေးနဲ့ချစ်ကြည်နူးနေကြသည်။မနက်စာစားပီးတော့ကမ်းခြေတွင်ရေဆင်းကူးကြသည်။ကိုယ်ပိုင်ဝယ်ထားတဲ့ဘက်ခြမ်းမို့လူတေမရှိတာကြောင့်နှစ်ယောက်သားလွတ်လပ်စွာနေနိုင်ကြသည်။

System HeyHey(Completed)Where stories live. Discover now