ရော်မန်(Arc -3.5)

11.7K 985 11
                                    

<Unicode>
ဒေါက် ဒေါက်

"ပရော်ဖက်ဆာဟင်နရီ အထဲမှာရှိလား"

"ဝင်ခဲ့ပါ"

ကျောင်းအုပ်နဲ့ဆရာတေကတံခါးကိုဖွင့်ကာဝင်သွားချိန်ကောင်လေးတစ်ယောက်ကိုပွေ့ချီထားတဲ့ဟင်နရီကြောင့်ပါးစပ်အဟောင်းသား။

"အာ ကျွန်တော့်ကောင်လေးကအိပ်ချင်နေလို့လေ စိတ်မရှိဘူးမလား"

ကျောင်းအုပ်ကဟင်နရီပေါင်ပေါ်ကကောင်လေးကိုသေချာကြည့်လိုက်တော့လည်ပင်းနဲ့လက်ဖျံတေမှာအနီကွက်တေရှိနေတာကြောင့်အခြေနေတေကိုအကဲခတ်မိလိုက်သည်၊

"ပရော်ဖက်ဆာ ဒါကဘယ်လိုအရှက်မဲ့မှုမျိုးလဲ ဆရာတစ်ယောက်ဖြစ်ပီးကျောင်းသူနဲ့လဲစည်းမစောင့်တဲ့အပြင်အခုဘယ်လိုတေဖြစ်နေတာလဲ"

"ကျောင်းအုပ်ခဗျ ဒုတိယတစ်ခုကတော့ကျွန်တော်လက်ခံပေမယ့် ပထမတစ်ခုကိုတော့ငြင်းပါရစေ ကျွန်တော်ဘယ်တုန်းကမှကျောင်းသူအပေါ်စိတ်မဝင်စားဖူးဘူး ရှင်းရှင်းပြောရရင်ကျနော်ကgayပဲ"

"မဟုဘူး!"

ဂျနီဖာအခန်းဝင်ကာအော်ပြောလိုက်ခြင်းသာ...

"ပရော်ဖက်ဆာ ဘာလို့ခေါင်းရှောင်ချင်ရတာလဲ သမီးနဲ့ဆရာကအရမ်းချစ်ခဲ့ကြတာလေ အဟင့်"

ထိုအခါရော်မန်ကဟင်နရီပေါင်ပေါ်ကနေဂျနီဖာဘက်ကိုလည့်ကာ..

"အမလေးလေး ပူလိုက်တာ ရာသီဥတုကလဲ ဟူးး"

လည်ပင်းကအကွက်တေကိုတမင်မြင်အောင်စောင်းပြလေသည်။

"နင် နင်တို့..."

"အဟင့် ခဗျား ကျနော့်တင်ပါးကနာလာပြန်ပီ အဟင့် ဟင့် အိမ်ပြန်ချင်တယ်"

"ဟုတ်ပီကိုယ်တို့ပြန်ကြမယ်နော်"

"ဆ ဆရာ"

"အော် ပီးတော့ကျောင်းအုပ်သတိမထားမိဘူးထင်တယ် ဆရာနားနေခန်းတိုင်းရဲ့ရှေ့မှာcctvတပ်ထားတယ်လေ ကျောင်းအုပ်မေ့နေမှာဆိုးလို့သတိပေးတာ"

ထိုတစ်ခွန်းထဲသာထပ်ပြောပီးရော်မန်ကိုပွေ့ချီကာလူအုပ်ကြီးကိုကျော်ဖြတ်ရင်းထွက်သွားတော့သည်။

System HeyHey(Completed)Where stories live. Discover now