စိမ့်စမ်းရေ(Arc -1.7)

13.8K 1K 24
                                    

<Unicode>
(ဟေးဟေး)

(ဗျာ host)

(လူတစ်ယောက်ကိုချစ်မိရင်လေ ဘယ်လိုနေလဲဟင်)

(လူတစ်ယောက်ကိုချစ်မိရင် အဲ့လူနားမှာနေရရင်ရင်ခုန်တယ်ပျော်တယ် အဲ့လူဝမ်းနည်းရင်ကိုယ်ပါဝမ်းနည်းတယ် အဲ့လိုစိတ်ချမ်းသာမယ်ဆိုရင်ဘာမဆိုလုပ်ပေးနိုင်တယ် ဘာလို့်လဲhost ဇာတ်လိုက်ကိုချစ်မိနေပီလား)

(အဲ့လိုဖြစ်နေပီထင်တယ်)

(hostကွေးနေပီလား)

(ငါကအဖြောင့်!ဒါပေမယ့်သူ့ကိုတော့ရင်ခုန်တယ် သူတစ်ယောက်ထဲကိုပဲ)

(hostချစ်တာသေချာရင်လက်မလွှတ်လိုက်နဲ့ ကိုယ့်အပိုင်ဖြစ်အောင်လုပ်လေ)

"ချာတိတ် ဘာတေစဉ်းစားနေတာလဲ"

"ခဗျား ပြန်လာပီလား"

ကျောင်းပိတ်ရက်တောင်မနားရပဲကုမ္မဏီကိုဦးစီးနေရတဲ့သက်ပိုင်ကသူ့အတွက်ဆိုလဲအိမ်မှာစားဖိုမှူး သန့်ရှင်းရေး အဝတ်လျှော်အကုန်လုပ်ပေးလေ့ရှိပီး ပင်ပန်းတယ်လို့တခါမှမညီးညူဖူးပေ။ဒီလိုလူကိုမှပြန်မချစ်ရင်သူရူးနေလို့ပဲ။

"ခဗျား"

"ဟင် ချာတိတ်ပြောလေ ဘာလိုချင်လို့လဲ ဗိုက်ဆာနေပီလား ခနလေးနော်ကိုယ်အဝတ်စားလေးလဲပီးရင်ညစာလုပ်ပေးမယ် ထားလိုက်ပါတော့အခုလုပ်ပေးမယ် ခနထိုင်စောင့်နေနော် ဒီမှာကိုယ်သရေစာမုန်လေးတေဝယ်လာတယ် အစာပြေစားထားနှင့်နော်"

စိမ့်စမ်းရေမှာကြွေပီးရင်ကြွေပဲ။သူ့ဘဝတစ်လျှောက်ခုလိုတစ်ခါမှဂရုစိုက်မခံဖူးဘူးလေ။

အေပရွန်ကိုဝတ်လို့အလုပ်ကပြန်ရောက်ရောက်ချင်းသူ့အတွက်ညစာချက်ပေးနေတဲ့သက်ပိုင်ကနဖူးမှာချွေးစို့နေတာတောင်အပြုံးမပျက်။

"ကျနော်ခဗျားကိုချစ်တယ်"

ချလွမ်!!

သက်ပိုင်လက်ထဲကစတီးယောင်းမကြီးကမြေပြင်ပေါ်သို့ပြုတ်ကျသွားပီးသူ့ကိုအံ့သြတကြီးလှည့်ကြည့်လာသည်။

"ချာတိတ် ဘာပြောလိုက်တာလဲ!"

"ကျနော် ခဗျားကိုချစ်မိနေပီလို့"

System HeyHey(Completed)Where stories live. Discover now