ခိမဲရ(Arc -6.2)

10.9K 934 39
                                    

<Unicode>
ညနေရုံးဆင်းချိန်ရောက်တော့ခိမဲရbusကားစီးရန်ကားဂိတ်တွင်စောင့်နေသည်။ထိုအချိန်သူ့ရှေ့သို့ကားအမဲတစ်စီးရောက်လာသည်။

"အိမ်ပြန်မှာမလား လာတက် ကိုယ်လိုက်ပို့မယ်"

"အားနာစရာကြီးရပါတယ်"

"တက်ပါ ချာတိတ်ကကိုယ်ဝန်နဲ့ဆိုတော့busကားစီးလို့အဆင်ပြေမှာမဟုဘူး လာပါ ကိုယ်လိုက်ပို့ပေးတယ်"

"ဟုတ်ကဲ့"

ကိုးလ်ကကားတံခါးကိုဖွင့်ပေးကာခိမဲရကိုတက်စေပီး သူကိုယ်တိုင်ပဲခါးပတ်ကိုဝတ်ပေးလေသည်။

"ကျေးဇူးပါceo"

"ကျေးဇူးတင်ရင် ceoဆိုတာကြီးကိုမခေါ်ပါနဲ့ ကိုယ့်နာမည်ကကိုးလ် ချာတိတ်အဆင်ပြေသလိုခေါ်ပါ"

"ဟုတ် ခဗျား"

"အိမ်လိပ်စာပြော"

"××××"

ကိုးလ်လိပ်စာအတိုင်းကားကိုရပ်လိုက်တော့တိုက်ခန်းကျဉ်းကျဉ်းလေးတစ်ခုရှေ့တွင်ဖြစ်သည်။ခိမဲရကကားပေါ်ကဆင်းကာ...

"လိုက်ပို့ပေးတာကျေးဇူးပါ ဟို အိမ်ထဲဝင်ပါအုံးလား အိမ်ကသိပ်တော့မကောင်းပေမယ့်လဲ.."

"ရပါတယ်ကွာ ကိုယ့်ကဘာမှမဖြစ်ပါဘူး"

ကိုးလ်ပါကားပေါ်ကဆင်းလိုက်ပီးတိုက်ခန်းလေးထဲဝင်လိုက်သည်။အခန်းလေးကကျဉ်းပေမယ့် ပစ္စည်းတေကသူ့နေရာနဲ့သူ သပ်သပ်ရပ်ရပ်လေးပင်။

"ဟို ခဗျား ခနထိုင်အုံးနော်ကျနော်ရေလေးချိုးချင်လို့ အပြင်ကပြန်လာတော့နည်းနည်းပင်ပန်းနေလို့"

"ရပါတယ် အေးဆေးလုပ်ပါ"

ခိမဲရကရေချိုးခန်းထဲတွင်သွားတော့မှကိုးလ်ကထိုင်နေရာကထကာအိမ်ထဲလျှောက်ကြည့်တော့သည်။စာအုပ်စင်ပေါ် စားပွဲပေါ်အားလုံးကိုလိုက်ကြည့်နေသည်။

"ဓာတ်ပုံလေးတစ်ပုံတောင်မရှိဘူး အဲ့ကောင်ကချာတိတ်ကိုပြစ်သွားတာများလား ဖောက်ပြန်သွားတာဖြစ်နိုင်တယ် အဲ့တာကြောင့်ချာတိတ်ကစိတ်နာပီးဓာတ်ပုံတောင်မထားတော့တာဖြစ်ရမယ်"

ကိုယ့်ဘာသာကောက်ချက်ချကာထိုလူကိုစိတ်ထဲကနေကျိန်ဆဲနေပီးတစ်ဖက်တွင် သူ့အတွက်အခွင့်ရေးရတာမို့ကျေးဇူးတင်မိပြန်သည်။ခနနေတော့ဂျောက်ဆိုတဲ့အသံနဲ့အတူရေချိုးခန်းထဲကထွက်လာတဲ့ခိမဲရ။

System HeyHey(Completed)Where stories live. Discover now