ပီ(Arc -7.5)

9.3K 841 1
                                    

<Unicode>
သာယာတဲ့မနက်ခင်းလေးတစ်ခုတွင်....

တီးတောင် တီးတောင် တီးတောင် တီးတောင်....

"ဟာ!!!ဘယ်က ကလေကဝတေ မနက်အစောကြီးဘဲလ်လာတီးနေတာလဲ!!"

ဒီနေ့ပိတ်ရက်မို့အေးဆေးလေးနှပ်မလားအောက်မေ့ပါတယ် အဆက်မပြတ်မြည်နေတဲ့ဘဲလ်သံကြောင့်အိပ်ချင်မူးတူးကုန်းထကာတံခါးသွားဖွင့်ရတော့သည်။

Z-"ငါတီးမယ်လို့!"

J -"ငါတီးမှာမင်းဖယ်!"

တံခါးနားတောင်မရောက်သေးဘူးကြားလိုက်ရတဲ့အသံတေကြောင့်ကလေးကြီးနှစ်ယောက်ဘဲလ်လုနေမှန်းသိလိုက်ရသည်။

ပီတံခါးဖွင့်လိုက်တော့နှစ်ယောက်သားလန့်သွားပီးသူ့ကိုမြင်တော့မှပြုံးဖြီးကာ..

J -"ချာတိတ် မောနီး ဟဲဟဲ ကိုယ်မနက်စာဝယ်လာတယ်"

Z -"ကိုယ်ကသူများတေလို ဆိုင်ကဟာတေမကျွေးနိုင်ဘူး အဲ့တော့ကိုယ် ကိုယ်တိုင်........အိမ်ကစားဖိုမှူးကိုချက်ခိုင်းလိုက်တယ်"

J -"ဟျောင့် မင်းလုပ်တာလဲမဟုပဲနဲ့ လာအမှတ်ယူနေတယ်"

"ကဲ!အထဲဝင်မှာမှတ်လားဝင်!အသံတေမထွက်နဲ့ ကစ်အိပ်နေသေးတယ်နိုးသွားမယ်"

"ဟုတ်"²

ပီပြန်လဲအိပ်မရတော့မယ့်အဆုံးမျက်နှာသစ်ကာတစ်ကိုယ်ရေသန့်ရှင်းရေးလုပ်ပီးထမင်းစားခန်းသို့ဆင်းလာသည်။

J -"ချာတိတ် ပီးပီလား ဒီမှာ ချာတိတ်အတွက် နွားနို့နဲ့ကိတ်"

Z -"သူ့နွားနို့တေကရေရောထားတာ ချာတိတ် ရော့ကိုယ့်နို့သောက်"

J -"မင်းကနို့ထွက်တာလား"

Z -"ဟျောင့် နွားနို့ကိုပြောတာ!"

"ကဲ တော်ကြပါတော့!ဘယ်သူ့ဟာမှမသောက်ဘူး ကျနော်ကော်ဖီပဲသောက်မှာ"

"ဒါတို့ကိုယ်တို့ဟာကရော"²

"ခဗျားတို့ယူလာတာ ခဗျားတို့ဘာသာပဲစားကြ!"

ပီရေနွေးအိုးတယ်ကာမနက်စာအဖြစ်ပေါက်မုန့်ကိုချောကလပ်ယိုသုတ်ကာဘယ်ရီသီးတေလေဘေးမှာအလှဆင်လိုက်သည်။၃ယောက်သားစားပွဲတွင်ထိုင်ပီးကိုယ့်ယူလာတေသာကိုယ်ထိုင်စားနေကြတော့သည်။

System HeyHey(Completed)Where stories live. Discover now