ချင်းရန်(Arc -2.2)

12.9K 1.1K 27
                                    

<Unicode>
ချင်းရန်ဝေါ်ယာဉ်ပေါ်တွင်ခနမှေးနေရင်းနဲ့တကယ်အိပ်ပျော်သွားတော့သည်။ဖန်ရှီးဟန်ကတော့အိပ်ပျော်နေတဲ့ချင်းရန်ကိုသက်တောင့်သက်သာဖြစ်အောင်သူ့ပေါင်ပေါ်ပွေ့တင်ကာရင်ခွင်ကျယ်ကြီးအားမှီအိပ်စေသည်။

[ဒါကတော့ရည်းစားရှိတဲ့သူတေပဲလုပ်နိုင်တာပါ  လာပြန်မမေးနဲ့သာသာအသဲကွဲနေတယ်🙂]

"မင်းကြီးကြွချီလာ!!..."

ဒေါက်!!

ကုန်းကုန်းမှာကြေညာလို့မပီးသေး သူ့အားဝေါယာဉ်ပြတင်းပေါက်ကနေလက်စွဲတော်ဓားနဲ့ပိတ်ခေါက်ပစ်တဲ့ဖန်ရှီးဟန်ကြောင့်ပါးစပ်ပိတ်သွားရသည်။ကုန်းကုန်းမှာနာသွားတဲ့ခေါင်းကိုဖိကိုင်လို့ရှုံ့မဲလျက်လှည့်ကြည့်တာတော့ ဖန်ရှီးဟန်ကအသံမထွက်နဲ့ဟူသောအမူရာကိုလုပ်ပြလေသည်။

ထို့နောက်အိပ်ပျော်နေတဲ့ကောင်လေးမနိုးသွားစေရန်နူးညံ့စွာပွေ့ချီလျက်ဝေါယာဉ်ပေါ်မှဆင်းလာသည်။ဘုရင့်အားကြိုဆိုရန်ရောက်ဘာကြသောမှူးမတ်များမှာလဲကုန်းကုန်းအဖြစ်ကိုကြည့်ပီးဘယ်သူမှမနှုတ်ဆက်ရဲကြ။ထိုအချိန်ဝေါယာဉ်ပေါ်ကကောင်လေးတစ်ယောက်ကိုပွေ့ချီပီးဆင်းလာတာကြောင့်အားလုံးပါးစပ်အဟောင်းသားဖြစ်ကုန်သည်။မိဖုရားမြှောက်ဖို့အာပေါက်မတတ်ပြောရတဲ့ဒီဘုရင်၊ပန်းသေနေလားတောင်အောက်မေ့ရလောက်တဲ့အထိဘယ်ပုရိသမိန်းကလေးမှမမြူစွယ်နိုင်တဲ့ဒီဘုရင်က ကောင်လေးတစ်ယောက်ကိုနူးညံ့စွာပွေ့ချီလာတယ်။

အိပ်ပျော်နေတဲ့ထိုကောင်လေးကိုကြည့်မိတော့မှဘုရင်ဟာဘာကြောင့်သည်းသည်းလှုပ်လဲခန့်မှန်းမိတော့တယ်။လှရက်လွန်းတယ် ထိကိုင်လိုက်တာနဲ့ပဲကြွေကျသွားနိုင်တဲ့ပထိနူးညံ့လွန်းတယ်။မှူးမတ်တေဟာငေးကောင်းကောင်းနဲ့ငေးနေတာ ပြာကျမတတ်ကြည့်နေတဲ့ဘုရင့်ရဲ့အကြည့်တေကိုတောင်သတိမထားမိတဲ့အထိပင်။ထို့နောက်ဖန်ရှီးချန်ဟာဘေးကကုန်းကုန်းကိုအနားကပ်ခိုင်းလို့တစ်ခုခုကိုတိုးတိုးလေးပြောပီးအဆောင်တော်ကိုထွက်သွားလေသည်။

ကျန်ခဲ့တဲ့မှူးမတ်များမှာကုန်းကုန်းပြောလာသည့်စကားကြောင့်ကြမ်းပြင်ပေါ်စိတ်ပျက်လက်ပျက်ထိုင်ချကုန်သည်။ထိုစကားက...

System HeyHey(Completed)Where stories live. Discover now