ရော်မန်(Arc -3.1)

11.8K 968 15
                                    

<Unicode>
"ဟိတ်လူ!"

ရော်မန် ဟင်နရီကျောင်းရှေ့မှာရှိုးအပြည့်ရဲ့ဆိုင်ကယ်ကိုရပ်ကာရပ်စောင့်နေသည်။ခနနေတော့ထိုလူကြီးထွက်လာတာကြောင့်လှမ်းအော်လိုက်တော့လှည့်ကြည့်လာသည်။ရော်မန်သွားတန်းလေးတေပေါ်သည်အထိပြုံးပြကာလက်ယက်ခေါ်လိုက်သည်။

"ခဗျား ကျောင်းဆင်းပီလား"

"ဆင်းပီ ချာတိတ်ရဲ့"

"ဟိဟိ ဒါဆိုကျနော့်ကိုမုန့်လိုက်ကျွေး"

"ဟင်?"

"ခဗျားပဲမနေ့ကအကူညီတွက်ပြန်ကျေးဇူးဆပ်မယ်ဆို မာမီနဲ့ဒယ်ဒီကမအားဘူး အဲ့တော့ကျနော့်ကိုပဲလိုက်ကျွေး ဘာလဲ ခဗျားကမကျွေးချင်ဘူးလား"

"မဟုတ်ပါဘူးကွာ ကျွေးပါ့မယ် ဘယ်ဆိုင်သွားမလဲ ကိုယ်ကားသွားယူလိုက်မယ်"

"မယူနဲ့ကျနော့်ဆိုင်ကယ်နဲ့သွားမယ်"

"ဖြစ်ပါ့မလား"

"ဖြစ်ပါတယ် မျက်စိမှတ်ပီးတောင်မောင်းနိုင်တယ် လာတက်"

"ဟုတ်ပါပီကွာ"

ဟင်နရီဆိုင်ကယ်ပေါ်တက်ရန်အလုပ်...

"ပရော်ဖက်ဆာ!!"

အသံဆာဆာနဲ့ဂျနီဖာကသူတို့နားပြေးလာကာလက်ထဲမှာလဲဗူးကြီးနဲ့။

"ပရော်ဖက်ဆာ ဒီမှာသမီးကိုယ်တိုင်လုပ်ထားတဲ့ကွတ်ကီး ပရော်ဖက်တာအတွက်"

ဗူးကိုဟင်နရီထံကမ်းပေးနေတဲ့ဂျနီဖာကအခုမှရော်မန်ကိုမြင်သွားပီးမျက်နှာကချက်ခြင်းပြောင်းသွားတော့သည်။

"နင်ဘာလာလုပ်တာလဲ!ငါ့ကိုလိုက်မနှောက်ယှက်နဲ့လို့ပြောပီးပီလေ!"

"မင်းဆီလာတယ် ဘယ်သူပြောလဲ ငါကပရော်ဖက်ဆာဆီလာတာ"

"အပိုတေလာမပြောနဲ့ နင့်လိုကောင်နဲ့ပရော်ဖက်ဆာကသိတယ်ဆိုတာဘယ်လိုမှမဖြစ်နိုင်ဘူး!"

"အဲ့တာမင်းအပိုင်း အခုတော့လစ်လိုက်တော့ငါနဲ့သူကနေ့လယ်စာသွားစားမလို့"

"ဘာ!မရပါဘူး ပရော်ဖက်ဆာ ဒီနေ့ကသမီးရဲ့မွေးနေ့လေ ပရော်ဖက်ဆာကိုအပြင်မှာလိုက်ကျွေးချင်လို့"

System HeyHey(Completed)Where stories live. Discover now