လဝန်း(Arc -5.3)

9.9K 896 0
                                    

<Unicode>
ရှိုင်းအာဏာနဲ့သူရနှစ်ယောက်သားကားတစ်စီးနဲ့လည်ပတ်နေကြသည်။

"သူရ"

"ပြောသားကြီး"

"မင်းနဲ့ကြာညိုအခြေနေဘယ်လိုလဲ"

"အဆင်ပြေတယ် ငါတို့တွဲနေကြပီ"

"အော်"

"ဘာလဲ မင်းကြာညိုကိုစိတ်ဝင်စားလို့လား"

"မဟုပါဘူးကွာ မေးကြည့်တာ မင်းကြည့်ရတာသူ့ကိုတကယ်ကြီးချစ်နေတဲ့ပုံမို့လို့"

"မညာတမ်းပြောရရင် ဟုတ်တယ် ငါသူ့ကိုချစ်မိနေပီ ဒါပေမယ့်ကွာ သူကငါ့ကိုမင်းထင်ပီးကောင်းကောင်းမွန်မွန်ဆက်ဆံနေတာလေ တကယ်လို့အမှန်တရားကိုသာသိသွားရင်ငါ့ကိုစိတ်နာသွားလောက်တယ်"

မှိုင်ကျသွားတဲ့သူရအားရှိုင်းကပုခုံးကိုပုတ်ကာအားပေးလိုက်သည်။

"စိတ်ဓာတ်မကျပါနဲ့ကွာ မေတ္တာဆိုတာအသွားအပြန်ရှိပါတယ့ မင်းချစ်တာသေချာရင်သူလဲမင်းအချစ်တေကိုမြင်ရမှာပါ"

"ဟက် ကျေးဇူးပါကွာ သူငယ်ချင်းရာ"

"ရပါတယ်ကွာ အချင်းချင်းတေပဲကို"

"မင်းရော ငါကြည့်နေတာကြာပီမင်းဟိုကောင်လေးနားအရမ်းကပ်နေတယ်နော်"

"လဝန်းဘဝလေးကသနားစရာလေးကွ သူ့မှာမိဘတေကလဲမရှိတဲ့အပြင် အားကိုးစရာလူကလဲမရှိတော့အရမ်းအားငယ်နေရှာတာ"

"အေးကွ ဒီကြားထဲရုပ်လေးကပါဆိုးနေရှာတော့လဲ"

"ချာတိတ်ကရုပ်မဆိုးပါဘူးကွာ မင်းမကြည့်တတ်လို့ပါ"

"လာမနောက်စမ်းပါနဲ့ရှိုင်းရာ ဒီလောက်သွားခေါခေါဆံပင်ကောက်ကောက်ကြီးတေနဲ့ရုပ်ဆိုးနေတာကို"

"no ချာတိတ်ရဲ့မျက်ဝန်းလေးတေကသူ့နာမည်လေးအတိုင်းပဲ လဝန်းလေးကိုတောက်ပတယ် သူ့နှာခေါင်းလေးကသွယ်သွယ်လေး နှုတ်ခမ်းလေးကနီရဲရဲလေးနဲ့ဂျယ်လီလေးလိုပဲ သူ့အသားရည်လေးတေကပိုးသားလေးလိုပဲနူးညံ့တယ် ပီးတော့သူကအရမ်းဖြူစင်တယ် ချစ်ဖို့ကောင်းတယ်"

ကဗျာတေစာတေဖွဲ့နေတဲ့သူငယ်ချင်းဖြစ်သူကိုသူရနားမလည်စွာကြည့်ရင်း...

System HeyHey(Completed)On viuen les histories. Descobreix ara