ခိမဲရ(Arc -6.1)

10.7K 944 10
                                    

<Unicode>
ကိုးလ်း အိပ်ပျော်နေတဲ့ခိမဲရကိုဆိုဖာပေါ်အသာချပေးလိုက်သည်။ဘယ်လောက်တောင်ပင်ပန်းနေလို့ချီခေါ်လာတာတောင်မသိတဲ့အထိအိပ်နေတာလဲသူစဉ်းစားမရပါ။

ရင်ဘတ်ကနာမည်ကပ်ပြားလေးကိုကြည့်လိုက်တော"ခိမဲရ"တဲ့။လူလေအတိုင်းပဲ ချစ်ဖို့ကောင်းတယ်။နှစ်ခြိုက်စွာအိပ်မောကျနေတဲ့မျက်နှာလေးကိုကြည့်ရင်း ပန်းရောင်သန်းနေတဲ့ပါးမို့မို့လေးကိုမထင်မှတ်ပါပဲ လက်ကိုထိကြည့်လိုက်မိတော့အိကနဲပင်။

"boss နှစ်ချုပ်စာရင်း..."

အခန်းထဲသို့တံခါးမခေါက်ပဲဝင်လာတဲ့စုဇုမဲက ကြမ်းပြင်ပေါ်ငုတ်တုတ်ထိုင်ပီးဆိုဖာပေါ်ကကောင်လေးရဲ့ပါးကိုလက်ညိုးနဲ့ထိုးကြည့်နေတဲ့ကိုးလ်ကြောင့် ကြောင်သွားတော့သည်။

"အဟမ်း!မဝင်ခင်တံခါးခေါက်ရမယ်ဆိုတာနားမလည်ဘူးလား!"

"ဟို ကျမက..."

"ချထားပီးသွားတော့!နောက်တစ်ခါအခန်းထဲဝင်မယ်ဆိုတံခါးခေါက်!"

"ဟုတ်ကဲ့"

အော်ငေါက်ခံလိုက်ရတာကြောင့်စုဇုမဲမျက်နှာကြီးမဲမှောင်ကာပြန်ထွက်လာတော့သည်။အတွင်းရေးမှူးဖြစ်တဲ့သူမကိုတောင်omegaမို့လို့ဆိုပီးတစ်ခန်းထဲအလုပ်စားပွဲမပေးပဲ တခြားအခန်းမှာသာလုပ်စေသည်။သူ့မှာကိုးလ်းအနားကပ်ရဖို့နည်းပေါင်းစုံနဲ့ချဉ်းကပ်ထားရတာ မအောင်မြင်ခဲ့ဘူး။အခွင့်ရေးလေးပေးလာလို့နေရာဝင်ယူလိုက်ပြန်တော့လဲ မယုံကြည်သေး။

အခုကျတော့omegaကောင်လေးကိုသူ့အခန်းထဲကဆိုဖာပေါ့မှာပေးအိပ်တဲ့အပြင် ပါးကိုတောင်တို့ကြည့်နေသေးသည်။သူထိုomegaကောင်လေးကိုသိပ်သိတာပေါ့ ရုံးမှာအဲ့ကောင်လေးလှကြောင်းလူတိုင်းကပြောကြတယ် သူမလဲomegaဖြစ်ပေမယ့် လူတိုင်းကအဲ့ကောင်ကိုသာပိုပီးစိတ်ဝင်စားကြတာကြောင့် မနာလိုနေခဲ့ရတာ။အခုဆိုပိုလို့တောင်မနာလိုဖြစ်နေရပီ။

•°•°•°•°•°•

(hostရေ...ထပါတော့ ရောင်နီလာလှပေါ့🎶)

(အင်းး လင်းတအသံနဲ့နားငြီးတယ်ကွာ)

(ထပါတော့hostရယ် အလုပ်လာပီးအိပ်နေတာhostတစ်ယောက်ပဲ ကျနော်မြင်ဖူးသေးတယ် ထပါတော့ဗျာ ကိုယ်ဘယ်ရောက်နေလဲဆိုတာလေးအရင်ထကြည့်ပါအုံး)

System HeyHey(Completed)Where stories live. Discover now