လဝန်း(Arc -5.4)

10.2K 905 11
                                    

<Unicode>
(host)

(ပြော)

(hostရုပ်အစစ်ကိုဇာတ်လိုက်ကိုဘယ်တော့ပြမှာလဲ hostတို့တွဲတာတစ်ပတ်တောင်ကျော်နေပီ)

(ငါမလောပါဘူး ဟေးဟေးရဲ့ သူကငါ့ဒီလိုပုံကိုတောင်ချစ်ပေးနိုင်တယ်ဆိုတော့ငါ့ရုပ်အစစ်ကိုပြသည်ဖြစ်စေ မပြသည်ဖြစ်စေ သူ့အချစ်ကပြောင်းလဲသွားမှာမှမဟုတာ)

(hostကိုအားကျလိုက်တာဗျာ)

(မင်းလဲရှာလေ)

(ရှာချင်တာပေါ့လို့ ဒါပေမယ့် ကျနော်ကsystemလေဘယ်လိုလုပ်ရည်းစားထားလို့ရမှာလဲ တကယ့်အပြင်ကမ္ဘာကိုရောက်ရင်တော့တမျိုးပေါ့)

(ဟုလား အပြင်ကမ္ဘာကိုထွက်လို့ရတာလား)

(ဟုတ် hostကသာဆန္ဒရှိလို့ခေါ်သွားမယ်ဆိုရင် ကျနော်ထွက်လို့ရတယ်)

(ဒါဆိုငါ့ပေါ်မူတည်တာပေါ့)

(အင်းပေါ့)

(ဟက် ကြက်ပေါက်လေး မင်းအပြင်ကမ္ဘာကိုလိုက်ချင်ရင်ငါ့ကိုရိုရိုသေသေဆက်ဆံသင့်တယ်)

(ဟဲဟဲ hostဒီနေ့အရမ်းချောနေတယ်သိလား)

(ငါကနေ့တိုင်းချောပီးသာ)

(ဒီ..)

(အဟမ်း!)

(ဟဲဟဲ ဟုတယ်လို့)

ထိုအချိန်လဝန်းရေဆာလာတာကြောင့်ရေထသောက်ရန်ပြင်လိုက်သည်။ခုချိန်ဆိုအားလုံးကအိပ်နေလောက်ပီမို့လို့သူလဲသွားအတုတေဆံပင်အတုတေကိုချွတ်ထားလိုက်သည်။ထို့နောက်မီးဖိုခန်းထဲတွင်ကာရေခဲသေတ္တာထဲမှရေဘူးထုတ်ကာသောက်နေလိုက်သည်။သောက်လို့ဝတော့မှအခန်းထဲပြန်ဝင်ရန်တံခါးအဖွင့်အနောက်မှလူတစ်ယောက်ကသူ့ကိုချုပ်ပီးအခန်းထဲသို့တွန်းထည့်လေသည်။

"ဘယ်သူလဲ လွှတ်နော်!"

"ရှူးးတိုးတိုး ချာတိတ်"

"ခဗျား"

°•°•°•°•°•°•

ရှိုင်းလဲတရေးနိုးရေဆာလာသည့်အပြင်ရေခရားထဲရေမရှိတာကြောင့်အောက်ထပ်သို့ဆင်းအလာလဝန်းအခန်းထဲကလူတစ်ယောက်ထွက်လာတာမို့မသိမသာအကဲခတ်နေလိုက်သည်။နောက်ကျောဘက်ကကြည့်ရင်လဝန်းနဲ့တစ်ပုံစံထဲပင် သို့သော်ဒီဘက်လှည့်ကာရေသောက်နေသည့်သူကသွားခေါခေါနဲ့ရုပ်ဆိုးလေးမဟုပါပဲ မိန်းကလေးရှုံးအောင်လှတဲ့ကောင်လေးသာဖြစ်နေသည်။

System HeyHey(Completed)Where stories live. Discover now