စိမ့်စမ်းရေ(Arc -1.2)

15.2K 1.1K 13
                                    

<Unicode>
"နော် မဟုတ်ရင်လေ ကျနော်မပြစ်မကင်းသလိုခံစားရလို့ပါ"

"ဟုတ်ပါပီဗျာ"

အကောင်ပေါက်လေးစိတ်တိုင်းကျအပေါ်အကျင်္ီကိုချွတ်ပေးလိုက်တော့အောက်ကT-shirtအပါးလေးတစ်ထည်သာကျန်တော့တာမို့တောင့်တင်းတဲ့ရင်အုပ်ကထင်းကနဲ..

*ဂလု!*

စိမ့်စမ်းရေလည်ချောင်းများခြောက်ကာရေဆာလာတာကြောင့်ဘေးကခွက်ကိုတကျိုက်ထဲမော့ပစ်လိုက်တော့..

"ဟဲ့!အဲ့တာငါ့အအေးခွက်ဟဲ့!"

"အော် နင်ကခုထိဒီနားမှာရှိနေသေးတာလား ငါဖြင့်သတိတောင်မထားမိဘူး"

"နင်!တောက်စ်!"

ရွှန်းလဲ့သည်းမခံနိုင်တော့တဲ့အဆုံးထိုနေရာမှထွက်လာတော့သည်။ဆက်နေလဲသူရှိမှန်းတောင်မသိပဲတစ်တစ်တူးနေမှာပဲလေ။

*ဟက် ငါလဲအဲ့ကောင်နည်းအတိုင်းချဉ်းကပ်ရမယ် ကိုကိုကငါ့အတွက်ပဲ!*

.......

နောက်တစ်နေ့..

စိမ့်စမ်းရေ သက်ပိုင်ရဲ့အကျင်္ီအားကိုင်ကာသက်ပိုင်နေတဲ့ဆောင်ရှေ့ကခုံတန်းလေးမှာထိုင်ကာစောင့်နေသည်။သက်ပိုင်ကဇာတ်လိုက်မသားအမိနဲ့တစ်အိမ်ထဲမနေချင်တာကြောင်ကျောင်းနဲ့နီးတဲ့အမျိုးသားအဆောင်မှာလာနေခြင်းသာ။

စိမ့်စမ်းရေထိုင်နေတဲ့ခုံကမြင့်တာကြောင့်မြေကြီးနဲ့မထိပဲလွတ်နေတဲ့ခြေထောက်လေးနှစ်ချောင်းကိုလွှဲယမ်းကာဆော့နေသည်။

အပြင်ကပြန်လာတဲ့သက်ပိုင်မှာအဆောင်ရှေ့ရောက်တော့ကလေးလေးတစ်ယောက်သဖွယ်ချစ်စရာကောင်းတဲ့အပြုမူလေးနဲ့စိမ့်စမ်းရေကြောင့်ပြုံးမိသွားသည်။ထို့နောက်တဆက်ထဲ ဖြတ်သွားဖြတ်လာလူတေကလဲထိုအကောင်ပေါက်လေးကိုချစ်စနိုးနဲ့ကြည့်နေပီး အပေါ်ထပ်အခန်းကကောင်တေဆိုဝရန်တာကနေပါရပ်ကြည့်နေကြသည်မို့ဒေါသကထောင်းကနဲ။

"ချာတိတ်!"

"ဟာ အကိုလာပီလား ကျနော်အကို့ကိုစောင့်နေတာ ရော့အကျင်္ီ"

"ချာတိတ် နောက်နေ့ကိုယ့်အဆောင်ကိုမလာနဲ့!"

"ဟမ်"

System HeyHey(Completed)Where stories live. Discover now