ယောဝန်း(Arc -4.1)

11.4K 914 8
                                    

<Unicode>
"မင်းလက်ကိုလွှတ်လိုက်!"

"မင်းကိစ္စမဟုတ်ရင်ဝင်မပါတာကောင်းလိမ့်မယ် ဒါငါ့ချစ်သူနဲ့ငါနဲ့ကိစ္စ!"

"မင်းချစ်သူမကလို့ဘာပဲဖြစ်နေပါစေ သူအလိုမတူရင်မင်းအသားတောင်ထိခွင့်မရှိဘူး!"

ထို့နောက်အကြည့်ချင်းစစ်ခင်းနေတဲ့ဟိုမင်နဲ့ထိုလူကြီးကြောင့်....

"ဟိုမင်!ငါ့လက်ကိုလွှတ်မင်းနဲ့မလိုက်နိုင်ဘူးလိုပြောပီးပီနော်!"

"ယော!"

"ယောတေယတ်တေလာလုပ်မနေနဲ့လက်ကိုလွှတ်!"

ထို့နောက်လက်ကိုဆောင့်ရုန်းလိုက်ကာမျက်စောင်းထိုးလိုက်သည်။

"ယော!မင်းဘာဖြစ်ချင်နေတာလဲ!"

"အဲ့ဒါငါပြန်မေးရမှာ မင်းကဘာဖြစ်ချင်နေတာလဲ!အခုပဲယောင်းမီနဲ့ခိုးစားပီးပြန်လာတယ် ငါ့ကိုပါထပ်ခေါ်နေတာ ဘာလဲမင်းမဝသေးဘူးလား ဟမ်!"

ဟိုမင်ချက်ချင်းမျက်နှာပျက်သွားကာ....

"ယောလေး ဘာတေလျှောက်ပြောနေတာလဲ ယောလေးအထင်လွဲနေတာပါ"

"အော်ဟော် မင်းတို့နှစ်ယောက်ကငါ့ကိုငတုံးငအလို့ထင်နေတာလား ငါအားလုံးသိပီးသားစိတ်မဝင်စားလို့တမင်လျစ်လျူရှုထားတာ"

"ယောလေး မဟုတ်ပါဘူးကွာ အဲ့တာကကိုယ်တို့..."

"ကိုယ်တေခေါင်းတေလုပ်မနေနဲ့ငါ့ရှေ့ကဖယ် မင်းဆီကအနံ့တေကရွံဖို့ကောင်းတယ်"

ဟိုမင်ကိုကျော်ကာထွက်သွားတဲ့ယောဝန်းနောက်ကျောကိုခုနကလူကငေးကြည့်နေသည်။သူbarထဲဟဝင်လာကတည်းကထိုကောင်လေးကိုသတိထားကြည့်နေတာ အရမ်းချစ်ဖို့ကောင်းလွန်းတယ်။ကော့တေးခွက်နဲ့ထိနေတဲ့နှုတ်ခမ်းရဲရဲလေးကသူ့ကိုအကြည့်မလွှဲနိုင်အောင်ပြုစားလွန်းတယ်။ခနအကြာbarကကြေညာချက်ကထလာကာစင်ပေါ်တက်သွားပီးသီချင်းဆိုကာထကာပါလေရော။ဆွဲချထားလို့ပေါ်နေတဲ့ပုခုံးသားလေးတေကဖြူဖွေးလို့ အောက်ကလူတေကသွားရည်တမြားမြားနဲ့ကြည့်နေတာကိုမသိပဲကွေးနေအောင်ထနေတဲ့အကောင်ပေါက်ကြောင့်စင်ပေါ်တက်ရန်အလုပ် သူ့ထက်အရင်တက်ကာဆွဲချသွားတာကြောင့်အရိပ်ခြေကြည့်ကာဝင်ကူညီလိုက်ခြင်းပင်။

System HeyHey(Completed)Where stories live. Discover now