စိမ့်စမ်းရေ(Arc -1.5)

14.5K 1.1K 21
                                    

<Unicode>
"ဟို ကျနော်ကဘယ်မှာနေရမှာလဲဟင်"

"ဖြစ်နိုင်ရင်လေ ကိုယ့်အခန်းမှာပဲနေပေးပါလား ဟိုလေ တစ်ခုခုဆို အကူညီလေးရအောင်ပါ"

"အင်း ရပါတယ်"

အပေါ်ထပ်သို့ကော့တော့ကော့တော့နဲ့တက်သွားတဲ့စိမ့်စမ်းရေကိုမျက်စိတဆုံးလိုက်ကြည့်နေကာအပြုံးပန်းဝေနေတဲ့သက်ပိုင်ပါ။ထိုအကောင်ပေါက်လေးနဲ့အနီးကပ်နေလို့ရအောင်တမင်ဒီအိမ်ကိုပြန်ပြောင်းလာခဲ့တာ အဆောင်မှာဆိုသဝန်တိုရလွန်းလို့သေမှာပဲ။

ဟုတ်ပါတယ် သူစိမ့်စမ်းရေဆိုတဲ့ကောင်လေးကိုချစ်မိသွားပီ။ချစ်လို့လဲ နီးစပ်အောင်သူကြံဖန်ရတာပေါ့။

At night

စိမ့်စမ်းရေမတ်တတ်ကြီးရပ်လို့ကုတင်းအားကြည့်နေမိသည်။ကုတင်မှာတစ်ယောက်အိပ်သာသာလေးပဲရှိပီးတော်တော်ကျဉ်းသည်။ဒါကြီးနဲ့နှစ်ယောက်ဘယ်လိုအိပ်ရမှာလဲ။

"ချာတိတ် ဘာလုပ်နေတာလဲ"

"ခဗျား ဒီကုတင်ကမသေးလွန်းဘူးလားဟင် ကျနော်တို့နှစ်ယောက်အိပ်ရင်အရမ်းကပ်နေမလားလို့"

"ချာတိတ်အဆင်မပြေရင် ကိုယ်အောက်မှာအိပ်လိုက်မယ်လေ"

"ဟာ မဟုတ်တာ ကျနော်ကအဲ့သဘောနဲ့ပြောတာမဟုတ်ဘူးလေ ဒီလိုလုပ်ပါလား ခဗျားကုတင်ပေါ်အိပ်လိုက် ကျနော်အောက်မှာအိပ်မယ်"

"မဟုတ်တာ ချာတိတ်ကကိုယ့်ကိုအပင်ပန်းခံပီးလာစောင့်ပေးတာကိုပဲအားနာလှပါပီ ဒီလိုလုပ်ပါလား ကိုယ်တို့နှစ်ယောက်လုံးအတူအိပ်ကြမယ်လေနော်"

"ခဗျားအဆင်ပြေလို့လား"

"ပြေပါတယ် ဘာလို့လဲဟင် ချာတိတ်အဖျားကူးမှာကြောက်လို့လား"

"မဟုတ်ပါဘူး ခဗျားမအိပ်တတ်မှာဆိုးလို့ပါ"

"ကိုယ်အဆင်ပြေပါတယ်"

ထို့နောက်နှစ်ယောက်သားအိပ်ရာပေါ်တက်ကာလှဲလိုက်ကြတော့သည်။အအိပ်မက်တဲ့စိမ့်စမ်းရေကတော့ခေါင်းအုံးနဲ့ထိတာနဲ့တန်းအိပ်ပျော်သွားပီ တစ်စုံတစ်ယောက်ကတော့တော်တော်နဲ့မအိပ်နိုင်ပဲ တစ်ယောက်သောသူလေးကိုတစိမ့်စိမ့်ကြည့်နေသည်။

System HeyHey(Completed)Where stories live. Discover now