ချင်းရန်(Arc -2.3)

12.2K 1K 12
                                    

<Unicode>
တစ်ပတ်အကြာ..

"မင်းကြီး!!မကောင်းတော့ဘူး!!"

ညီလာခံလုပ်နေတဲ့ဖန်ရှီးချန်ဟာတံခါးကိုဝုန်းခနဲဖွင့်ကာဝင်လာတဲ့အစေခံကောင်လေးကြောင့်စိတ်ရှုပ်သွားကာ..

"ဒီမှာညီလာခံလုပ်နေတာမမြင်ဘူးလား! ခေါင်းပြတ်ချင်..."

"ကြင် ကြင်ယာတော်ချင်းရေတံခွန်ထိပ်ပေါ်တက်ပီးခုန်ချဖို့လုပ်နေပါတယ်မင်းကြီး!!"

"ဘာ!!"

လက်ထဲကစာပေလိပ်ကိုဘုန်းကနဲပစ်ချလို့ဝတ်ရုံကိုမကာပြေးရပြန်သည်။တစ်ပတ်အတွင်းမှာဒါဟာ၇၆ခါယောက်ပြေးရခြင်းပင်။ခနနေကြင်ယာတော်အပင်ပေါ်တက်လို့ တော်ကြာနေကြင်ယာတော်ခေါင်မိုးပေါ်တက်လို့ သူတို့ဘုရင်ခေါ်လာတာလူလားမျောက်လားပင်မသဲကွဲ။အမြဲတမ်းတစ်ခုခုပေါ်တက်နေရမှ ဘာတက်တက်လုပ်မှန်းကိုမသိတာ။ပီးရင်သူတို့ဘုရင်ကအပြေးသွားပီးဆင်းခိုင်းရပြန်တယ်။ဒီအခြေနေတေကိုသူတို့မှာခုထိကျင့်သားမရသေးပေ။

ဒါပေမယ့်အခုတစ်ခေါက်ကနည်းနည်းပြသနာကြီးတယ်ကြင်ယာတော်ကရေတံခွန်ပေါ်ကခုန်ချမှာဆိုတော့သက်သေဖို့ပဲဖစ်ရမယ်။ဘုရင်ကသူ့ကိုဧကရီဘွဲ့ပေးမှာကိုအတင်းငြင်းပီးကြင်ယာတော်ဘွဲ့ပဲတောင်းကတည်းကဒီကလေးကြပ်မပြည့်ဘူးဆိုတာသူတို့သိလိုက်ပီ။ခုလဲစိတ်ရူးပေါက်ပီးလျှောက်လုပ်တော့မှာဖြစ်နိုင်တယ်။ကြင်ယာတော်သာတစ်ခုခုဖြစ်ရင်သူတို့ဘုရင်ကရူးသွားမှာ အဲ့တော့နောက်ထပ်ဘယ်သူ့ကိုဘုရင်မြှောက်ရမှာလဲ အခုထဲကသူတို့ဘုရင်အသစ်ကိုလိုက်ရှာသင့်လား။ကျန်ခဲ့တဲ့မှုးမတ်တေမှာဘုရင်အသစ်ရှာဖွေရေးအတွက်ခေါင်းရှုပ်နေကြတော့သည်။

>>>>>>>>>>>

"ကြင်ယာတော် မလှုပ်နဲ့နော် အဲ့မှာပဲရပ်နေပါ!"

ဘုရင်ကကြင်ယာတော်အတွက်ဆိုပီးလုပ်ထားပေးတဲ့ရေတံခွန်ထိပ်မှာခုန်ချဖို့ပြင်နေတဲ့ကြင်ယာတော်ကြောင့်အောက်ကအစေခံတေဟာရင်တမမနဲ့ ရေထဲကအသင့်စောင့်နေကြသည်။ခုန်ချခဲ့သည်ရှိသော်ဖမ်းလို့ရအောင်လေ။

"ဟာ ဘာလဲ မင်းတို့ဖယ်စမ်းပါ ငါဒိုင်ပင်ထိုးမလို့!!"

systemထဲရောက်ပီးထဲကဒိုင်ပင်ထိုးတာမလေ့ကျင့်ဖြစ်တော့လက်ရည်ကျသွားမှာဆိုးလို့လေ့ကျင့်ဖို့ဟာကို အောက်ကဟာတေကရေထဲမခုန်ချဖို့ပြောပီးအောက်မှာအသင့်စောင့်နေတယ်။ငါကဒိုင်ပင်လေးထိုးချင်ရုံပါ။

System HeyHey(Completed)Where stories live. Discover now