real life

11.4K 785 18
                                    

<Unicode>
ဒေါ်ရူပါတို့ဟာမိုးထက်ဆေးရုံဆင်းဖို့အတွက်ဆရာဝန်နဲ့တိုင်ပင်ဖို့အပြင်ပြန်ထွက်သွားကြသည်။

"ဟေးဟေး"

(ဗျာ)

"ခဗျားကငါ့ကိုလာရှာမယ်ထင်လားဟင်"

(သူကhostကိုဘယ်ကိုပဲရောက်ရောက် ရအောင်ရှာနိုင်တယ်လေ သူမကြာခင်ရောက်လာမယ်ဆိုတာကျနော်ယုံတယ်)

ထိုအချိန်ယုဝန်ကအခန်းထဲပြန်ဝင်လာပီးလူတစ်ယောက်ပါပါလာသည်။

"အန်တီတို့ရောဟဲ့"

"ဆရာဝန်နဲ့သွားတွေ့တယ်"

မိုးထက် ယုဝန်နောက်ကအထုပ်တေသယ်ထားတဲ့လူကိုလှမ်းကြည့်မိတော့​မေးရိုးကားကားနဲ့ခန့်ညားတဲ့လူကြီး။ထိုလူကလဲသူ့ကိုကြည့်လာတော့ နှစ်ယောက်သားအကြည့်ချင်းဆုံသွားပီး ရုတ်တရက်ပါပဲမိုးထက်ရင်တစ်စုံဟာလှုပ်ခတ်သွားသည်။

*ခဗျားလား!*

"ငါမိတ်ဆက်ပေးရအုံးမယ် သူကငါ့အကိုဝမ်းကွဲ အာဏာလွှမ်းတဲ့ မိုက်တယ်မလား ဟိဟိ"

"တွေ့ရတာဝမ်းသာပါတယ် မိုးထက်မြင့်ပါ"

"ကိုယ်ကတော့ဝမ်းမသာဘူး"

"ဗျာ?"

"နောက်ကျမှတွေ့ရလို့ ကိုယ်ဝမ်းမသာနိုင်ဘူး ချာတိတ်ရာ"

"အဟင်း ကျနော်ဖြင့်လန့်သွားတာပဲ"

"အာ ကိုယ်လန့်အောင်လုပ်မိသွားတာပဲ"

"အဟမ်း အဟမ်း!အဟွတ်! အကို အထုပ်တေချပီးသွားတော့လေ လိုက်ပို့ပေးတာကျေးဇူးပဲ"

"ရတယ်နင်နဲ့မှပဲအတူပြန်တော့မယ်"

"ဟမ် ခုနကလိုက်ပို့ပေးပါဆိုတော့ အလုပ်ရှိတယ်မအားဘူးဆိုပီးအတင်းငြင်းနေပီးတော့"

"အလုပ်ကနောက်နေ့မှလုပ်လဲရတယ် အဲ့လောက်အရေးမကြီးဘူး"

"အော် ငါ့အကိုတို့များ ဟင်း ဟင်း သိနေတယ်နော်!"

အာဏာလွှမ်းတစ်ယောက်ရှက်ရှက်လည်ပင်းကိုသာပွတ်နေတော့သည်။

>>>>>>>>

နောက်တစ်နေ့...

မိုးထက်ဆေးရုံကဆင်းကာအိမ်သိုပြန်လာသည်။အတော်ကြာမှပြန်လာရတဲ့အိမ်ကယခင်ကအတိုင်းပဲနွေးထွေးဆဲပင်။

System HeyHey(Completed)Where stories live. Discover now