2.2K 92 5
                                    

ရောင်စုံမီးရောင်များအောက်မှာစုစုရုံးရုံးနှင့်ကနေကျသည့်လူငယ်များစွာ။ ထိုနေရာမှကျော်လျှင် VIP များအတွက်သီးသန့်လုပ်ပေးထားပါသော အခန်းများ။ အခန်းနံပါတ် ၁၀၆ ဟူသည့် No.106 ဟုရေးထားသည့်အခန်းအတွင်း၌တော့ သားသားနားနားဝတ်စားဆင်ယင်ထားသော အမျိုးသမီးများနှင့်အမျိုးသားတစ်ချို့။

"ဏာရီ အဆင်ပြေရဲ့လား"

"နင်တောင်းဆိုလို့သာငါလာခဲ့ရတာ ရှိုင်း ရယ် ငါဒီလိုနေရာတွေနဲ့အဆင်မပြေတာသိရက်နဲ့"

"ငါသိပါတယ်ဟာ ငါလဲ သူတို့နဲ့ chat ထဲမှာပြောတုန်းကပြောပါသေးတယ် ဏာရီ ကိုပါခေါ်မယ်ဆို ဒီလိုဆိုင်မျိုးမှာမလုပ်ဖို့"

"ငါသန့်စင်ခန်းခဏသွားလိုက်အုန်းမယ်"

ရှိုင်းမျက်နှာဘယ်လိုဖြစ်ကျန်ခဲ့မည်ဆိုတာသူသိသည်။ ရှိုင်း ကသူမအခင်ဆုံးသူငယ်ချင်းဖြစ်နေ၍သာ သူ့မျက်နှာထောက်ထားပြီးလာခဲ့ရသည့်နေရာ။

ဏာရီ။ ရှိုင်း တစ်ယောက်သာလျှင် ခေါ်သော သူမ၏နာမည်။ သူတို့နှစ်ယောက်စပြီးခင်နင်ကထဲက သူမခွင့်ပြုချက်မရခင်ကထဲက ခေါ်ခဲ့ပါသော။ သူမနာမည်က ဒဏ္ဏာရီ။ တင်စီးတယ်ထင်သလား။ ဒါမှမဟုတ် ဆန်းကြယ်နေသလား။ ဤနာမကို ပေးခဲ့သည့် သူမ၏အဖိုးဖြစ်သူသာလျှင်သိပါလိမ့်မည်။

သူမလက်ရှိရောက်နေသည်ကား ကျောင်းသားဟောင်းမိတ်ဆုံစားပွဲတစ်ခု။ ငယ်စဥ်ကထဲကရွှေဇွန်းကိုင်ပြီးမွေးဖွားလာရသူဖြစ်၍ ပိုက်ဆံရှိအသိုင်းအဝိုင်းသာလျှင်တက်ခွင့်ရှိပါသော private school မှာသာထားသည်။ သို့ဖြစ်ပါ၍ လက်ရှိအခန်းထဲ၌ကျန်ခဲ့သူများက ပိုက်ဆံရှိအသိုင်းအဝိုင်းထဲကဟုဆိုလျှင်မှားမည်မဟုတ်ပါ။ သို့ပေမဲ့ အခုလို ဟိတ်ကြီးဟန်ကြီးနှင့်နေရသည့်ဘဝကိုသူမနှစ်မြို့နိုင်ခဲ့ပါ။

Toilet ထဲရောက်တော့ စိတ်ရှုတ်ထွေးစွာဖြင့် အပေါ်ထပ်ဝတ်လာပါသော blazer ကိုချွတ်လိုက်တော့ အောက်တစ်ထပ်ခံထားသည့် အဖြူရောင်ခပ်ပါးပါးတစ်ထည် သူ့အောက်တွင်တော့ အနတ်ရောက် bra ကအထင်းသား။

အဖြူရောင် shirt အင်္ကျီကို ရင်ညွှန့်နားကကြယ်သီးတစ်လုံးအားဖြုတ်လိုက်ကာ အသက်ဝဝရှူမိနေသည်။

ဒဏ္ဏာရီ - θρύλος (completed-9)Where stories live. Discover now