၃၀

422 49 0
                                    

ဒီနိုင်ငံ ဒီတိုင်းပြည် ဒီမြေကိုနင်းလိုက်သည့်အချိန်မှာ သူ့အတွေ့ချင်ဆုံးလူကိုပြောပါလျှင် သူ့ဘဝရဲ့တစ်ဦးတည်းသောသူ။ ဘယ်တော့မှထပ်ရှိလာမှာမဟုတ်တော့သောသူ။ စိတ်မနာနိုင်ခဲ့သည့်သူ။ ကိုယ်အရမ်းချစ်ခဲ့ရတဲ့သူ အခုချိန်ထိချစ်နေစဲသူ။

လေဆိပ်မှ အိမ်အထိသွားနေတဲ့လမ်းတစ်လျောက် ပြန်မြင်ယောင်မိတာ ဟိုအရင်ကအချိန်များစွာ။ ဒီလမ်းမတွေပေါ်မှာ ညမိုးချုပ် တစ်ယောက်သောသူနှင့်ကားကိုလျောက်ပတ်မောင်းဖူးသည်။ သန်လျှင်ကနေ မြောက်ဥက္ကလာထိအလုပ်တွေပစ်ပြီးသွားခဲ့ဖူးသည်။ အင်းယားကန်ဘောင်ပေါ်မှာ ညနေခင်း ချစ်ရသူနှင့်အတူလက်တွဲလို့လမ်းလျောက်ဖူးသည်။ များစွာသောအမှတ်တရများက ချစ်ရသူတစ်ယောက်ထဲကိုသာ သတိတရဖြစ်နေမိသည်။ နေနိုင်ခဲ့တာမဟုတ်သလို မေ့ထားခဲ့တာသည်လဲမဟုတ်ပါ။ ချစ်လွန်း၍ စိတ်နာမိခဲ့ရတာ။ ဒါပေမဲ့ မေ့လို့ရတဲ့ရက်ဆိုတာ တစ်ရက်မှမရှိခဲ့ပါဘူး။ သူနှင့်ပတ်သက်သည့်အမှတ်တရများကိုဖယ်ရှားခဲ့ပေမဲ့ နှလုံးသားထဲက ဒဏ်ရာလှလှပပလေးကိုဖြင့်မဖယ်ရှားနိုင်ခဲ့ပါ။များစွာသောအမှတ်တရများက ချစ်ရသူတစ်ယောက်ထဲကိုသာ သတိတရဖြစ်နေမိသည်။ နေနိုင်ခဲ့တာမဟုတ်သလို မေ့ထားခဲ့တာသည်လဲမဟုတ်ပါ။ ချစ်လွန်း၍ စိတ်နာမိခဲ့ရတာ။ ဒါပေမဲ့ မေ့လို့ရတဲ့ရက်ဆိုတာ တစ်ရက်မှမရှိခဲ့ပါဘူး။ သူနှင့်ပတ်သက်သည့်အမှတ်တရများကိုဖယ်ရှားခဲ့ပေမဲ့ နှလုံးသားထဲက ဒဏ်ရာလှလှပပလေးကိုဖြင့်မဖယ်ရှားနိုင်ခဲ့ပါ။

အိမ်ထဲခြေချလိုက်သည်နှင့် ဒယ်ဒီနှင့်မာမီကကြိုဆိုလေသည်။ သူအခုလို ဒုက္ခိတဖြစ်သွားတာတောင်တစ်ချက်ကလေးမညိုငြင်ရက်ခဲ့တဲ့ မိဘနှစ်ပါး။ သူဒီနိုင်ငံကနေ ထွက်သွားဖို့ရွေးချယ်ခဲ့သည့်နေ့တုန်းက ဒယ်ဒီကသူ့ဘေးနားမှာစကားတွေအများကြီးလာပြောခဲ့တာကိုသူသိသည်။ ဒါပေမဲ့ အကြားအာရုံထိခိုက်နေ၍ ဒယ်ဒီက စာဖြင့်ထပ်ရေးကာသူ့ကိုပြောပြလေသည်။ တခါမှမရခဲ့ဖူးသည့် ဒယ်ဒီ့ရဲ့ကြင်နာမှုများကြောင့် သေနေရာမှပြန်ရှင်လာသလို အောင်ပွဲရစစ်သူကြီးတစ်ယောက်လိုခံစားရသည်။ မာမီကတော့ ယူကြုံးမရဖြစ်ကာ သူ့ဘေးနား၌ မျက်ရည်တသွင်သွင်စီးကျနေတာကိုတော့သူသိသည်။ ဒါပေမဲ့ စိတ်ကောလူကောပင်ပန်းနေရင် လှုပ်ရှားလိုက်သည်နှင့် ကိုင်ရိုက်ခံထားရသလို တစ်ကိုယ်လုံးနာကျင်နေ၍ ဘာမှမလုပ်ပေးနိုင်ခဲ့။ တကယ်တော့ စိတ်ကြောင့် ဖြစ်သွားရသည့်နာကျင်မှုများသာ။

ဒဏ္ဏာရီ - θρύλος (completed-9)Where stories live. Discover now