692 45 3
                                    

ကမ္ဘာပေါ်မှာသူအမုန်းဆုံးအလုပ်များထဲမှတစ်ခုကိုပြောပါဆိုလျှင် အိမ်ထောင်ဖတ်တွေ့ရသည့်အလုပ်ဖြစ်သည်။ ယခုလဲ သူမဖခင်စီစဥ်ပေးပါသောလူတစ်ယောက်နှင့်တွေ့နေရပြန်သည်။ ဘယ်လောက်တောင်စိတ်ရှုတ်ဖို့ကောင်းလိုက်ခြင်းပါလဲ။ သူမကဒါမျိုးအတင်းအကြပ်ဆိုသိပ်မုန်းတာလေ။ ယောကျ်ားတွေဆိုတာအရာရာကိုဦးဆောင်ချင်ကျတာ။ ဥပမာ သူမအဖေပေါ့။

"သုံးဆောင်ရတာအဆင်မပြေလို့လား ကျွန်တော် တစ်ခုခုထပ်မှာပေးရမလားဗျ"

"မလိုပါဘူး ရပါတယ် ကျွန်မရင်နည်းနည်းပြည့်နေလို့ပါ"

"ကျွန်တော် မဒဏ္ဏာရီရဲ့အကြောင်းတွေကြားဖူးပါတယ် အခုလိုအပြင်မှာတွေ့လိုက်မှ ဘာလို့အဲ့လိုပြောကျလဲဆိုတာနားလည်သွားတော့တယ်"

"ကျွန်မအကြောင်းဘာတွေများကြားထားလို့လဲ"

လက်ထဲကိုင်ထားသည့် ဖန်ခွက်ထဲမှရေအနည်းငယ်ကိုမော့သောက်ပြီး တစ်ဖတ်လူပြန်ပြောမည့်သူမမသိသောသူမအကြောင်းများကိုနားထောင်ဖို့အသင့်ဖြစ်နေလေပြီ။

"ဒဏ္ဏာရီက နာမည်နဲ့လိုက်အောင်ကို ဒဏ္ဏာရီဆန်တယ် လျို့ဝှက်ဆန်းကြယ်တယ် နောက် အရာရာကိုဦးဆောင်နိုင်စွမ်းရှိတယ် ယောကျ်ားတွေနဲ့အတူရင်ဘောင်တန်းနိုင်စွမ်းရှိတယ် နောက်ပြီး ချစ်သူရည်းစားမရှိဘူး ပြတ်သားတယ် ရဲရင့်တယ် အထူးသဖြင့် အလုပ်နဲ့ပတ်သက်ရင်သွေးအေးတယ် အချိန်ကိုလေးစားတယ် တိကျတယ် ကြည့်ရတာ မဒဏ္ဏာရီကောင်းကြောင်းတွေပဲပြောမိပြီထင်တယ် ဒါပေမဲ့လဲ ကျွန်တော်ကြားသမျှကတော့အကောင်းတွေကြီးပဲ"

"လိုရင်းကိုပြောပါ ကိုနေရောင်သွေးရဲ့ ကျွန်မကဝေ့ပြောတာမကြိုက်ဘူး ဒီတွေ့ဆုံမှုကလဲ ကျွန်မလိုလားလို့လာတဲ့အရာမဟုတ်ဘူးဆိုတာရှင်လဲရိပ်စားမိမှာပါ"

"အဟား ဘယ်လိုလုပ်မလဲ ကျွန်တော်ကတော့ မဒဏ္ဏာရီနဲ့နောက်တစ်ကြိမ်ထပ်တွေ့ဖို့တောင်ကြိုစဥ်းစားထားပြီးနေပြီလေ ကြည့်ရတာ ကျွန်တော်တို့ကအတွဲညီလောက်မှာပါ စီးပွားရေးကော အရာရာမှာပါ"

"ရှင်က ကိုယ့်ကိုကိုယ်သိပ်အထင်ကြီးတာပဲ အဲ့လိုလူမျိုးတွေကိုဆိုကျွန်မကသိပ်မုန်းတာဆိုတာရှင်သိဖို့တစ်ခုကျန်နေသေးတယ်ထင်ရဲ့ ​ကျွန်မတို့ကြားပြောစရာသိပ်မရှိတော့ဘူးဆို ကျွန်မကိုပြန်လိုက်ပါအုန်းမယ်"

ဒဏ္ဏာရီ - θρύλος (completed-9)Where stories live. Discover now