၂၆

399 38 0
                                    

လေးလံနေသောမျက်ခွံများကိုတဖြည်းဖြည်းဖွင့်ကြည့်တော့ မရင်းနီးသည့်မြင်ကွင်းကိုအရင်ဆုံးတွေ့လိုက်ရသည်။ သူနောက်ဆုံးမှတ်မိတာ ကားလမ်းမပေါ်မှာ ဒီနေရာကဆေးရုံလဲမဟုတ်ပါပဲသူဘယ်လိုရောက်နေရသနည်း။

ချောက်။

သူရှိနေသည့်အခန်းထဲသို့မမြင်ဖူးသည့် လူတစ်ယောက်ဝင်လာလေသည်။ ထပ်ပြီးတော့လား ဒီတစ်ခါဆိုသူရပ်တည်နိုငတော့မည်မဟုတ်တော့ပါ။

"နိုးလာပြီလား မကြောက်ပါနဲ့ ကျွန်မက Ella လို့ခေါ်ပါတယ် နိုဝယ်ရဲ့သက်တော်စောင့်ပါ"

တော်သေးသည်ဟုသူစိတ်ဖြေနိုင်လိုက်ပါလေသလား။ ဒါမှမဟုတ် သူဒီကိုလာတာ နိုဝယ်သိသွားတာလား။ မဖြစ်နိုင်တာ သူလာတာနိုဝယ်မှမသိပဲ။ ဒါပေမဲ့လဲမပြောနိုင်ဘူးလေ နိုဝယ်ကအမြဲသူ့ကိုစောင့်ကြည့်နေခဲ့တာ သူမှမသိခဲ့ပဲ။

"နိုးလာပြီဆို ဒယ်ဒီကြီးကစကားပြောချင်ပါတယ်တဲ့"

"သူသိနေလား တို့ဒီမှာရှိတာ"

"ဟင့်အင်း မသိသေးပါဘူးမစိုးရိမ်ပါနဲ့ ဒယ်ဒီကြီးရဲ့မျက်စိအောက်မှာဆိုရင် ရှင့်ကို သူရှာမတွေ့နိုင်ပါဘူး နောက်ပြီးသိချင်တာတွေရှိရင် ဒယ်ဒီကြီးကိုပဲမေးလိုက်တာပိုအဆင်ပြေပါလိမ့်မယ် ကျွန်မဘက်ကပြောနိုင်တာဒါအကုန်ပါပဲ"

မျက်နှာသစ်ပြီးထွက်လာမည်ဟုပြောကာအပြင်မှာစောင့်နေခိုင်းလိုက်ပါသည်။ ဟုတ်သည်လေ ငိုထားသောကြောင့်သူ့မျက်နှာကလူရုပ်မပေါက်နေတာ။ ဘယ်လောက်ပဲ နိုဝယ်ရဲ့ကောင်းခြင်းဆိုးခြင်းတွေကိုလက်ခံမယ်ပြောပြော သူမြင်တွေ့ခဲ့ရသည့်မြင်ကွင်းကသာမာန်မြင်ကွင်းမျိုးမှမဟုတ်တာ။ အသိစိတ်ပျောက်နေသည့်လူနှစ်ယောက်ရဲ့မြင်ကွင်းဖြစ်နေတာလေ။ သူဘယ်လောက်ပဲချစ်ပါတယ်ပြောပြော ဒီလိုမြင်လိုက်ရသည့်အတွက် သူ့နှလုံးသားကိုဓားဖြင့်မွှန်းခံနေရသလိုပင်။

ထို ella ဟုခေါ်သည့်ကောင်မလေးနောက်လိုက်ခဲ့ပြီး။ ဘေးပတ်ဝန်းကျင်ကိုစူးစမ်းသလိုကြည့်နေမိသည်။ နေရာတိုင်းမှာ ပန်းချီကားများနှင့်ပြည့်နေပြီး cctv လွတ်သည့်နေရာဆိုတာမရှိ။ ဒယ်ဒီကြီးဆိုတာ နိုဝယ့်ဖခင်မဟုတ်လား။ သူကဘယ်လိုဖြစ်ပြီးဒီနေ့ရာကိုရောက်နေရသနည်း။ နိုဝယ့်ဖခင်ဆို နိုဝယ်နှင့်များအတူရှိနေမလား။ အခုချိန်မျက်နှာချင်းဆိုင်မိလျှင်သူနာကျင်မှုကြောင့်သေသွားနိုင်သည်။ တို့မင်းကိုမမုန်းချင်ဘူး နိုဝယ်ရယ်။

ဒဏ္ဏာရီ - θρύλος (completed-9)Where stories live. Discover now