၂၉

404 40 0
                                    

ကိုယ့်သမီးကို အခုလိုဖြစ်အောင် ငိုရအောင်လုပ်သည့်သူကိုတွေ့လျှင် ဘာလုပ်မည်ညာလုပ်မည်ဟုတွေးထားပေမဲ့ တကယ်တမ်း ကိုယ့်ရှေ့ကို သူ၏ဖခင်ဖြစ်သူကိုယ်တိုင်လာရောက်တောင်းပန်ချိန်မှာတော့ ကိုယ့်မှာဘာမှမပြောနိုင်သည့်အထိ ထိုကလေးမလေး၏မိသားစုအရှိန်အဝါကသေးမှမသေးခဲ့ပဲ။ ထို့ပြင် မြင်လိုက်ရသည့် video တစ်ခုကြောင့် စွံအခဲ့ရသည်အထိ။ ကုတင်ပေါ်မှာ ကြိုးများဖြင့်သိုင်းကာချုပ်နှောင်ခံထားရသည့်ထို့ကလေးမလေး။ ပြန်လည်နိုးလာသည့်အချိန် ဏရီဆိုသည့်နာမည်တစ်ခုကိုသာတမ်းတနေပြီး ရုန်းကန်နေသည့် နိုဝယ်ဆိုသည့်မိန်းခလေး။ သက်သာပြီထင်၍လွတ်ပေးထားလျှင် အနီးအနားကသူကိုတစ်ခုမဟုတ်တစ်ခု ထိခိုက်ဒဏ်ရာရစေခြင်း သို့မဟုတ် သူကိုယ်တိုင် သူ့ကိုယ်သူထိခိုက်ဒဏ်ရာရအောင်လုပ်ခြင်းများကြောင့် မြင်ရသူအဖို့စိတ်မချမ်းသာစရာ။

"ကျွန်တော် ဒါတွေ ခင်ဗျားကိုပြတာ ကျွန်တော့်သမီးကိုခွင့်လွတ်နိုင်စေဖို့မဟုတ်ဘူးနော် ခင်ဗျားသမီးနည်းတူ ကျွန်တော့်သမီးလဲ အလူးအလဲခံစားနေရတယ်ဆိုတဲ့အကြောင်းပြောပြချင်တာ ဒါပေမဲ့ ကျွန်တော့်အနေနဲ့ကော moon လေးအနေနဲ့ကောပါ ကျွန်တော်တောင်းပန်စကားဆိုချင်ပါတယ် moon က သူအသိစိတ်ရှိနေတုန်းအချိန်မှာတောင် ဏရီ့ကိုဘာမှမလုပ်ပါနဲ့ဆိုတဲ့စကားကိုတဖွဖွရွတ်ဆိုနေခဲ့တာ ခင်ဗျားရဲ့သမီးကို moon လေးဘယ်လောက်ထိချစ်ခဲ့လဲဆိုတာ နောက် အခုလိုသူ့အသိစိတ်တွေလုံးဝပျက်စီးနေတာတောင် ဏရီဆိုတဲ့နာမည်ကိုပဲ ထပ်ခါတလဲလဲအော်နေတာ ဒါတွေကြည့်ပြီး ကျွန်တော်လဲ အတော်လေးအဆင်မပြေဘူးဗျာ အစတုန်းကတော့ moon လေးပြန်ကောင်းအောင် ခင်ဗျားသမီးပဲလုပ်ပေးနိုင်မှာဆိုပြီးကျွန်တော်ကတွေးထားမိတာ ဒါပေမဲ့ အခုကျတော့ နှစ်ယောက်လုံးရဲ့အခြေအနေက အခုချိန်မှာပေးတွေ့လို့မဖြစ်သေးဘူးဖြစ်နေပြန်တယ် တစ်ယောက်တစ်မျိုးစီစိတ်ရောဂါခံစားနေရတာကိုမြင်တော့ ကျွန်တော့ကိုကျွန်တော်ပဲအပြစ်တင်မိတော့တယ်"

"ကျွန်တော်လဲအတူတူပါပဲ မိုင်းလေးအခုလိုဖြစ်သွားတာ ကျွန်တော့်ပရောဂလဲမကင်းပါဘူး ကျွန်တော်ကငယ်ငယ်ထဲကမိုင်းကို စိတ်ဒဏ်ရာတွေပေးခဲ့မိတာလဲပါပါတယ် အခုလို ကျွန်တော့်ကိုလာရှာပေးတဲ့အတွက်လဲကျေးဇူးတင်ပါတယ် သူတို့နှစ်ယောက်နဲ့ဆက်ဆံရေးကို ကျွန်တော်ခွင့်မပြုပေးခဲ့မိတာလဲပါပါတယ်"

ဒဏ္ဏာရီ - θρύλος (completed-9)Where stories live. Discover now