၁၅

475 37 0
                                    

အခန်းထဲကအဲကွန်းအအေးကပို၍အေးနေသည်ဟုဒီနေ့မှခံစားနေရသည်။ စားပွဲခုံပေါ်က မျက်နှာချင်းဆိုင်ကော်ဖီခွက်ထဲမှ ကော်ဖီများကအရာမယွင်း။ Screen ပေါ်က သူတို့နှစ်ယောက်၏သတင်းကိုသာကြည့်နေခဲ့မိသည်။

"ဒီကိစ္စကိုကျွန်မသဘောမတူရင်တောင် ဒယ်ဒီကရှေ့ဆက်လုပ်မှာဖြစ်တဲ့အတွက် ကျွန်မရှင်နဲ့ပဲညှိနှိုင်းချင်တယ် ကိုနေရောင်သွေး"

"ဟုတ်ကဲ့ ကျွန်တော်နားထောင်နေပါတယ် ဏရီဘာဖြစ်ချင်လဲကျွန်တော်လုပ်ပေးနိုင်ပါတယ် နဂိုထဲက ကျွန်တော်တို့သဘောတူပြီးသားပဲ"

"ကျွန်မရှင်နဲ့စေ့စပ်ပွဲလုပ်မှာပါ အကယ်၍ လက်ထပ်ရမယ်ဆိုရင်တောင် ကျွန်မလုပ်မယ် ဒယ်ဒီ့အရိပ်အာဝါသအောက်ကလွတ်သွားပြီဆိုတာနဲ့ ကျွန်မတို့နှစ်ယောက်ရဲ့ဇာက်လမ်းကပြီးပြီကိုနေရောင်သွေး ကျွန်မရှင့်ကိုဘယ်နည်းနဲ့မှချစ်လာမှာမဟုတ်တဲ့အတွက် ဒါက ကျွန်မတို့နှစ်ယောက်လုံးအတွက်ကော မိသားစုနှစ်ခုလုံးအတွက် win-win ဖြစ်မဲ့ ကိစ္စပါ"

"အကယ်၍ ကျွန်တော့်ဘက်က ဏရီ့ကိုချစ်မိသွားခဲ့ရင်ကော"

"အဟင်း အဲ့လိုဖြစ်လာရင်တောင် ကျွန်မကတော့ဘယ်နည်းနဲ့မှချစ်လာမှာမဟုတ်ဘူး ကျွန်မက ကျွန်မချစ်တဲ့သူတစ်ယောက်ကိုပဲ ကျွန်မရဲ့ကောင်းခြင်းဆိုးခြင်းအရာအားလုံးကိုပေးခဲ့ပြီးပြီမို့ သူမထိခိုက်ရမဲ့ကိစ္စတွေက ကျွန်မကိုယ်ကျွန်မရင်းရမဲ့ဆိုရင်တောင် ကျွန်မလုပ်မှာ ဒီသတင်းကို ကျွန်မဘက်ကမငြင်းတာ ဒယ်ဒီ့ဘက်ကနေ ကျွန်မချစ်တဲ့သူကိုထိခိုက်အောင်လုပ်မှာစိုးရိမ်လို့ပါ ဒါကြောင့် ရှင့်ဘက်က ဘယ်တော့မှမျော်လင့်ချက်မထားပါနဲ့ ကျွန်မတို့ရဲ့ပတ်သက်မှုက ပိုက်ဆံနဲ့အာဏာအတွက်ပဲဆိုတာ ရှင်ကိုယ်တိုင်သိပါတယ်"

"ဏရီ့မှာချစ်သူရှိတာကျွန်တော်မသိလိုက်ရပါလား"

"ကျွန်မကရှင့်ကိုအကုန်လိုက်ပြောနေရမှာလား နောက်ပြီး ကျွန်မက ယောကျ်ားတစ်ယာက်ရဲ့ဦးဆောင်မှုနောက်ကိုလိုက်မဲ့မိန်းမမျိုးမဟုတ်ဘူးဆိုတာတော့ရှင်မှတ်ထားပါ ဒါကြောင့် ကျွန်မကိုချစ်ဖို့လဲမကြိုးစားပါနဲ့ သွားလိုက်ပါအုန်းမယ်"

ဒဏ္ဏာရီ - θρύλος (completed-9)Where stories live. Discover now