၃၂

386 38 0
                                    

ဒီနေ့သင်တန်းလာရသည့် ခံစားချက်ကတခြားနေ့များနှင့်မတူ။ တကယ်ဆို မနတ်ကထဲက ဏရီ့အိမ်ပေါက်ဝမှာပဲထိုင်စောင့်နေချင်မိတာ။ ဒါပေမဲ့ဒီနေ့ကမသွားမဖြစ်အတန်းချိန်ဖြစ်နေတော့လူက သင်နေရတဲ့သင်ခန်းစာပေါ်မှာစိတ်ဝင်စားမှုကအနည်းငယ်သာ။

"နိုဝယ် မနတ်ကထဲကဘာဖြစ်နေတာလဲ အလွဲလွဲအချော်ချော်နဲ့"

"တောင်းပန်ပါတယ် chief"

"အေအေ ထားတော့ လက်ကိုဂရုစိုက်"

သတိအပေးကောင်းမှုကြောင့်ပါပဲ မီးဟက်သွား၍ သူ့ရဲ့လက်ဖဝါးနုနုမှာ အသားများရဲတက်လာခဲ့တာ။ ကြီးကြီးမားမားမဖြစ်သွား၍ပဲကျေးဇူးတင်ရမယ်။ တွေ့လားဏရီ ကျွန်မကလေရှင်နဲ့ပတ်သက်ရင်သတိလက်လွတ်။

"နိုဝယ်မ ဒီလောက်လက်ကမီးပူလောင်ထားတာတောင် မျက်နှာကမျက်နှာပိုးမသေဘူးနော်"

"ဟုတ်လို့လား"

"ဟုတ်တယ်ဟေ့ဟုတ်တယ် ဘာလဲ ဘာကိစ္စရှိနေလို့လဲ ရိုးကောရိုးရဲ့လား"

"ငါ့ရဲ့အချစ်ရဆုံးချစ်ရသူကို ကိုမနေ့ကပြန်တွေ့လိုက်ရတာလေ တကယ်သိလား အဲ့ဒီ့အချိန်ငါ့ကမ္ဘာမှာပန်းမျိုးစုံပွင့်လန်းလာသလိုခံစားလိုက်ရတာ ဟိုလေပေါ်လွင့်နေသလိုပဲ"

"အမလေး သူများတွေများ ရည်းစားဟောင်းတွေ့တာ ကံကောင်းတာကျနေတာပဲ ပျော်နေလိုက်တာ ငါတို့များရည်းစားဟောင်းဆိုနာမည်တောင်မကြားချင်ဘူး ကွာပ"

ရည်းစားဟောင်းမဟုတ်ဘူးဆိုပြီးပြန်ပြောချင်ပေမဲ့ အခုသူတို့နှစ်ယောက်၏အခြေအနေက ရည်းစားဟောင်းအခန်းကဏ္ဍထဲမှာလား။ ဘယ်အခန်းကဏ္ဍထဲမှာမှန်းမသိတဲ့အခြေအနေဖြစ်နေတာလေ။ ဏရီကသူ့ကိုလမ်းခွဲရအောင်မှမပြောသွားပဲ။ သူကလဲဏရီ့ကိုတရက်ကလေးမှမေ့မရခဲ့တာ။

နိုဝယ်သည် အရင်ကတစ်ယောက်ထဲသူငယ်ချင်းအပေါင်းအသင်းမရှိသည့်သူမျိုးမဟုတ်တော့ပါ။ အခုသင်တန်းတက်လိုက်ရတော့ ပိုပြီးတော့ လူဝင်ဆံလာသလို။ သင်တန်းရောက်မှခင်မိသည့် သူငယ်ချင်းများကြောင့် သူ့မယ်မပျင်းရ။ သူကတော့စိတ်ကူးပေါက်လို့လာတက်တာပေမဲ့ သူနဲ့အတူလာတက်သာ့်သူများကတော့ Hotel life ကိုရွေးချင်လို့ chief လိုင်းဘက်သင်တန်းတက်နေသူများသာ။ အခုလက်ရှိသူနဲ့ပေါင်းမိနေသူနှစ်ယောက်ရှိသည်။ သူ့လိုလက်ဝင်အောင်ပေါင်းရသည့်လူမျိုးကို သည်းခံပြီးပေါင်းနိုင်တဲ့နှစ်ယောက်ပါပဲ။ ဒါပေမဲ့ ကိုယ့်အကြောင်းကိုမစပ်စု၍တော်ကာကြသေးသည်။ မဟုတ်ရင်ရှင်းပြနေရအုန်းမှာ။ ထိုအတွက်လဲကျေးဇူးတင်ရပါသည်။ ဝိုင်းရွှေရည် နှင့် ရနံ့ဖူး ဆိုသည့်ကောင်မလေးနှစ်ယောက်နှင့် ထူးမြတ်အောင် ဆိုသည့် ခပ်နွဲ့နွဲ့ကောင်လေးတစ်ယောက်။ နောက်ဆုံးမှသူတို့အဖွဲ့နှင့်ပေါင်းမိသူပေါ့။

ဒဏ္ဏာရီ - θρύλος (completed-9)Where stories live. Discover now