၃၆

471 43 0
                                    

နိုဝယ့်အားပြန်ပြီးလက်ခံပေးရန်စဥ်းစားနေချိန်အတော်အတွင်း နိုဝယ်ကအမြဲလိုလိုသူ့အိမ်ကိုလာတက်သည်။ အရင်လိုတော့မဟုတ်ပါပဲ ဏရီတံခါးဖွင့်ပေးမှသာအထဲဝင်သည်။ နေ့တိုင်း မနတ်စာနှင့်ညစာကိုလာပို့ပေးသည်။ ကြာတော့မာမီကအိမ်ကိုပြန်မလာဘူးလားဟူ၍တောင်မေးယူရပါသည်။ အိမ်မပြန်ဖြစ်တာမဟုတ်ပဲ သူ့ရဲ့ခြေလှမ်းတွေကဒီကွန်ဒိုကနေကိုမခွာချင်နေခဲ့တာ။ အချစ်သံလိုက်ဆွဲအားကဘယ်လောက်ကြောက်ဖို့ကောင်းပါလေသလဲ။ မချစ်တော့ဘူး မချစ်ရဲဘူး ပြန်မချစ်ချင်တော့ဘူးဟု ဦးနှောက်ကတားနေပေမဲ့ နှလုံးသားမှာတော့ သူမှသူ သူမှမဟုတ်လျှင်မဖြစ်တဲ့လူ တစ်ယောက်ဖြစ်နေရသည်။ ခတ်ပါရဲ့။

သူတို့နှစ်ယောက်ကြားဆက်သွယ်မှုက အရင်က လိုပါပဲ note စာရွက်ပေါင်းများစွာနှင့်အခေါ်အပြောလုပ်နေကျတာ။ တစ်ခါတလေဆို အလုပ်ပိတ်ရက်နှင့် သင်တန်းပိတ်ရက်တိုက်သည့်အခါ နိုဝယ်က သူ့အခန်းကိုလာပြီးသူနှင့်အတူနေ့လည်စာလာစားတက်တယ်။ ဏရီ့အတွက်ဒီအခြေအနေလေးကတကယ်ကိုကြည်နူးဖို့ကောင်းသောအချိန်လေးတွေဖြစ်တယ်။

"ဏရီ သဘက်ခါကျွန်မမွေးနေ့သိလား အခုမှစဥ်းစားကြည့်ရင် ဏရီ့မွေးနေ့ပဲကျွန်မတို့အတူဖြတ်သန်းခဲ့ဖူးတာနော် ကျွန်မမွေးနေ့ကျတစ်ခါမှအတူတူမရှိဖူးသေးဘူး"

ဏရီ့မွေးနေ့ပြီးမကြာဘူးလေ သူတို့နှစ်ယောက်ကွဲသွားတာတိုတော့။ ဏရီ့မွေးလကနိုဝင်ဘာ နိုဝယ့်မွေးလက ဧပရယ်။ အသက်ကအတူတူလောက်ပဲထင်ရပေမဲ့ တကယ်တော့ ဏရီက နိုဝယ့်ထက် ၂ နှစ်လောက်ကြီးသည်လေ။ အငယ်တွေဆိုတဲ့အတိုင်း နိုဝယ်ဟာခပ်ဆိုးဆိုးကောင်မလေးတစ်ယောက်ပေါ့။

ဘေးနားအတူတူထိုင်ပြီး ဖုန်းကတဆင့်စာရိုက်ပြီးစကားပြောနေရတာကတော့နည်းနည်းတော့ ကသိကအောက်နိုင်လှသည်။ ဒါပေမဲ့လဲသူမငြူစူနိုင်ပါ။ ဏရီနဲ့အနေနီးပြီးပြန်အဆင်ပြေဖို့ဆိုသူဘာမဆိုလုပ်မှာလေ။ အစက ဏရီမွေးနေ့ပြီးတော့ သူ့မွေးနေ့ရောက်သည့်အချိန်ကျ ဏရီ့ကိုလက်ထပ်ခွင့်တောင်းမလို့ပေမဲ့ အခြေအနေတွေက အကြောင်းအမျိုးမျိုးနဲ့ ပြဿနာဖြစ်ခဲ့ကျရတာ။

ဒဏ္ဏာရီ - θρύλος (completed-9)जहाँ कहानियाँ रहती हैं। अभी खोजें