၁၃

107 3 0
                                    

"ဒယ်ဒီသမီး မြန်မာပြည်ခဏသွားချင်တယ်"

ထိုစကားကြောင့် ဒယ်ဒီ့မျက်ခုံးနှစ်ဖတ်ထိလုမတက်ဖြစ်ကာသူ့မကိုစူးရဲနေသည့်မျက်လုံးများဖြင့်ကြည့်သည့်အကြည့်ကိုသူမခံနိုင်စွာခေါင်းကို့ငုံထားမိမတက်။ သို့ပေမဲ့ သူမြန်မာပြည်သွားရမှဖြစ်မည်။ ဏာရီမြန်မာပြည်ပြန်သွားကထဲက ဏာရီ့ကိုစောင့်ကြည့်ဖို့လူတစ်ယောက်လွတ်ထားခဲ့တာ။ ထိုသူ ဆီကနေပဲ ဏာရီ့သတင်းတွေစောင့်နေရတာမျိုးမလုပ်ချင်တော့ပါ။ ဏာရီနဲ့မျက်နှာချင်းဆိုင်သူတွေ့ချင်နေမိတာ။

"ဘာစိတ်ကူးနဲ့ မြန်မာပြည်ပြန်ချင်ရတာလဲ ဒယ်ဒီသိချင်တယ်"

"ဒီတိုင်း မြန်မာပြည်ကိုခဏသွားချင်လို့ပါဒယ်ဒီ အဲ့နိုင်ငံကအလုပ်တွေသမီးလုပ်ပေးနိုင်ပါတယ်။ ပြီးတော့ တလောက သမီးမတောင်းဖြစ်တဲ့အခွင့်အရေးကိုတစ်ခါထဲအသုံးချချင်မိလို့ပါ"

"အိုကေ ဆိုတော့သမီးကမြန်မာပြည်ပြန်ချင်တယ်။ ဟုတ်ပြီ ဒယ်ဒီခွင့်ပြုပေးမယ် ဒါပေမဲ့ ဒယ်ဒီပြောတာကိုသမီးလက်ခံနိုင်တယ်ဆိုမှသွားခွင့်ပြုမယ် သမီးသွားမယ်ဆို Ella နဲ့ Iris နှစ်ယောက်ကိုသမီးနဲ့ထည့်ပေးလိုက်မယ် နှစ်လတစ်ကြိမ်လုပ်နေတဲ့သမီးရဲ့ medical check up ကိုဒီမှာလာပြန်လုပ်ရမယ် နောက်ဒယ်ဒီအချိန်မရွေးပြန်ခေါ်ရင်ချက်ချင်းဘာအကြောင်းအရင်းမှမငြင်းပဲပြန်လာရမယ်"

သူနှင့်အတူ Ella နဲ့ Iris ကိုထည့်ပေးလိုက်တယ်ဆိုတာ သူ့ကိုဒယ်ဒီကသူ့အုပ်ထိန်းမှုအောက်မှာရှိကြောင်းပြချင်တဲ့သဘောပါပဲ။ နိုဝယ်ဆိုတဲ့သူကလဲ ဘယ်လောက်အကြောတင်းလဲဆိုတာဒယ်ဒီသိနေခဲ့တာ။

"ဟုတ်ကဲ့ သမီးလက်ခံပါတယ်ဒယ်ဒီ"

မြန်မာပြန်ရောက်တော့ ဒယ်ဒီ့လုပ်ငန်းရှိတဲ့ ကလပ်ကငွေကြေးအရှုပ်အရှင်းတွေကိုသူဖြေရှင်းနေရသည်ကသုံးပတ်ခန့်ကြာသည်။ ဒယ်ဒီလွတ်ထားသည့်မန်နေဂျာက ငွေကြေးစာရင်းတွေကိုလျော်ပြီးဒယ်ဒီ့ကိုတင်ပြနေခဲ့တာ။ ဒါကိုသူစစ်ကြည့်လို့သိသွား၍ ထွက်ပြေးသွားသည့်မန်နေဂျာကိုလိုက်ရှာနေရသည်ကတစ်မျိုး။ လှစ်လပ်သွားတဲ့နေရာမှာ အစားထိုးဖို့နောက်ထပ်လူတစ်ယောက်ရှာဖွေရသည်ကတစ်ဖုံအလုပ်ရှုပ်နေရသည်။

ဒဏ္ဏာရီ - θρύλος (completed-9)Where stories live. Discover now