၁၄

491 42 2
                                    

ဒယ်ဒီ့ရဲ့အမိန်းဆန္ဒအတိုင်း အခုချက်ချင်းအိမ်ပြန်လာခဲ့ဟုဖုန်းဝင်လာသဖြင့် ချက်ချင်းဆိုသလို လုပ်လက်စအလုပ်များအားပစ်ချထားကာ အိမ်ကိုကားအမြန်မောင်းကာပြေးရပြန်သည်။ ပုံမှန်ထပ်လေသံမာကြောနေသည့် ဒယ်ဒီကြောင့်ကားမောင်းနေသည့်လက်ဖျားများအေးဆက်နေခဲ့သည်။

အိမ်သို့ရောက်တော့ မာမီသည်လဲမျက်နှာမကောင်း။ အကျိုးအကြောင်းမေးတော့ခေါင်းသာခါပြပြီး သူ့အား ဒယ်ဒီက စာဖတ်ခန်းထဲမှာစောင့်နေကြောင်းပြောလေသည်။ ထို့ကြောင့် စာဖတ်ခန်းတံခါးအား တံခါးခေါက်ပြီး ဝင်သွားတော့ စာဖတ်ခုံကို ကျောပေးကာ ရပ်နေသည့်ဒယ်ဒီ။

"ဒယ်ဒီ မိုင်း ရောက်ပါပြီ"

"ဒါဘာတွေလဲ ဒဏ္ဏာရီ ငါ့ကိုပြောစမ်း မိန်းခလေးဖြစ်ပြီးအရှက်မရှိ ငါလိုသမီးတစ်ယောက်က ကလပ်တစ်ခုမှ မိန်းခလေးခေါ်တယ်တဲ့ ဟမ် ကြားလို့မှကောင်းသေးရဲ့လား ဒဏ္ဏာရီ နင့်ကိုငါပညာတွေသင်ပေးထားတာ အဲ့လိုလုပ်ဖို့လားပြောစမ်း တောက် ရှက်ဖို့ကောင်းလိုက်တာ ဒီပုံတွေသာ မီဒီယာမှာပျံ့သွားကြည့်စမ်း ငါတို့မိသားစုဂုဏ်သိက္ခာဘယ်လောက်ထိခိုက်မယ်ဆိုတာနင်စဥ်းစားမိရဲ့လား"

ဒယ်ဒီသူ့ရှေ့ပစ်ပေးသည့်ဓာက်ပုံများအားကြည့်လိုက်တော့ နိုဝယ့်ပေါင်ပေါ်အိပ်နေသည့်သူ့ရဲ့ပုံတွေ။ နိုဝယ့် လက်ဖမိုးကိုနမ်းနေသည့်သူမတို့နှစ်ယောက်ပုံများ။ မိုးရေထဲမှာလမ်းလျောက်နေသည့်ပုံများ။ နောက်ဆုံး နိုဝယ့်အားဟိုတယ်မှာသွားတွေ့တုန်းက တံခါးအပြင်မှာရပ်နေတုန်းကပုံများဖြစ်လေသည်။နိုဝယ့်အားဟိုတယ်မှာသွားတွေ့တုန်းက တံခါးအပြင်မှာရပ်နေတုန်းကပုံများဖြစ်လေသည်။

"ဒယ်ဒီ ယုံကြည်ပြီးလွတ်ထားခဲ့တာ အခုလိုသတင်းတွေပြန်ကြားရဖို့လား မိုင်း သမီးက တစ်ချိန် ဒယ်ဒီ့လုပ်ငန်းတွေကိုဦးဆောင်ရမဲ့သူဆိုတာဦးနှောက်ထဲအတွေးထဲမှာစွဲနေအောင်မှတ်ထားပါ အဲ့ဒီမိန်းခလေးနဲ့အဆက်အသွယ်ဖျတ်ပါ နောက်ပြီး မိုင်းနဲ့နေရောင်သွေးကိစ္စကို ဒယ်ဒီစီစဥ်တာလက်ခံပါ သွားတော့"

ဒယ်ဒီ့ကိုတစ်ခွန်းမှပြန်မပြောနိုင်လောက်အောင်သူ၏အကြောများရပ်ဆိုင်းသွားသကဲ့သို့ဖြစ်နေရသည်။ ဒယ်ဒီပြောသည့်စကားများကကြားတစ်ချက်မကြားတစ်ချက်။ ဒီဓာက်ပုံတွေဒယ်ဒီ့ဆီသို့ဘယ်လိုကြောင့်ရောက်ရှိနေရသနည်း။ ဒယ်ဒီကကော နိုဝယ့်ကိုသိနေမည်လား။ ထိုဓာက်ပုံများကိုသာကောက်ယူပြီး ဒယ်ဒီ့မျက်စိရှေ့မှနေထွက်လာခဲ့ရပေမဲ့ သူ့စိတ်ထဲအကြောက်တရားကစိုးမိုးလို့နေခဲ့သည်။ ဒယ်ဒီသူ့အားဒေါသတကြီးနှင့်ပြောသည့်အတွက်ကြောက်လန့်နေသည်လား။ ဒါမှမဟုတ် နိုဝယ်အားဆုံးရှုံးရမည်ဆိုသည့်အသိစိတ်ကြောင့်လား။ မာမီအော်ခေါ်နေသည့်အသံတောင်ဂရုမစိုက်နိုင်ပါ။ ကားထဲပြေးဝင်ပြီး ကားကိုဒုန်းဆိုင်းမောင်းနင်ခဲ့တာ ထိုအိမ်နှင့်ဝေးရာသို့။

ဒဏ္ဏာရီ - θρύλος (completed-9)Where stories live. Discover now