၂၅

416 35 0
                                    

ဆယ်စုနှစ်အတော်လေးကြာမှ မိခင်ဖြစ်သူနှင့်ပြန်တွေ့ရမည့်ခံစားချက်ကဘယ်လိုပြောမည်နည်း။ သူ့အတွက်စိတ်လှုပ်ရှားမှုဖြစ်လားလို့မေးရင် ဖြစ်သည်ဟုပါးစပ်ကမဖြေတောင် ခြေဖျားလက်ဖျားများအေးနေသည်ကသက်သေပြနေသည်။ အခန်းထဲဝင်ဝင်ချင်း ကျောပေးထားသည့် အသက်အရွယ်ခပ်ကြီးကြီးအမျိုးသမီးကိုတွေ့လိုက်ရသည်။

"မာမီ"

သူ့အသံကြောင့်လှည့်ကြည့်လာသည့် သူအတွေ့ချင်ဆုံးဖြစ်နေပါသောသူ၏မိခင် တစ်ဖြစ်လဲ ဒေါ်မိုးပပဆွေ။ အချိန်များကြာမြင့်နေ သည်တောင် မာမီ့အလှကအရွယ်တင်နေသည်။

"သား သားလေး မာမီ့သားလေး"

သားမိနှစ်ယောက်ပွေ့ဖတ်နှုတ်ဆက်နေမိတာအချိန်တစ်ခုအကြာ။ နှစ်ယောက်လုံး၏မျက်အိမ်အတွင်းမှာလဲမျက်ရည်များပြည့်နပ်နေလေသည်။ ထိုင်တာတောင် သားမိနှစ်ယောက်ဘေးကပ်ထိုင်နေပြီး ဋီကာကျော်မှာ သူ့အမေလက်ဖဝါးအား သူ့လက်ဖဝါးဖြင့်အုပ်မိုးဆုတ်ကိုင်ထားလေသည်။

"သားတောင်းပန်ပါတယ်မေမေ"

"မတောင်းပန်ပါနဲ့သားရယ် သားကသားဖြစ်ချင်တဲ့အရာကို ရအောင်လုပ်သွားတာပါ"

"အခုအပြီးပြန်လာတာလားဟင်မာမီ့သားလေး"

သူ့အားမျော်လင့်ကြီးစွာနှင့်မေးမြန်းနေသည့်သူ့မိခင်အားသူအားနာမိသည်။ ငယ်စဥ်ကထဲက သူ့ဖခင်ရိုက်ကာအပြစ်ပေးလျှင် မာမီကတားဆီးပေးသည်မဟုတ်လား။ ဒါကိုပင်သူဟာ မာမီ့ကိုထားပစ်ခဲ့ရလောက်အောင်ထိဒယ်ဒီ့ကိုနာကျဥ်းသွားတာ"

"သားဒီမှာအပြီးနေတော့မှာပါ နောက်ပြီး ဟိုမှာအလုပ်တွေလက်စသက်ပြီးတာနဲ့ သား မာမီနဲ့မိုင်းအနားကိုပြန်လာမှာပါ"

အခန်းပြင်ကနေပဲ သားမိနှစ်ယောက်အလွမ်းသယ်နေသည်ကိုနားထောင်ရင်းထိုနေရာမှထွက်သွားလေသည်။ ဒါကိုဒယ်ဒီသိလျှင်မည်သို့တုံ့ပြန်လေမည်နည်း။ ဒယ်ဒီကအရမ်းအတ္တကြီးသည်မဟုတ်ပါလား။ သူနဲ့နိုဝယ်ကိစ္စတောင် ဒယ်ဒီကအခုထိသဘောတူသေးသည်မဟုတ်တာလေ။ ကိုကို့ကိစ္စကိုပါဖုံးကွယ်ထားတာသိလျှင်ဘယ်လိုအ​ခြေအနေလာမည်မသိ။ အခုတော့ မာမီနှင့်ကိုကိုအဆင်ပြေနေတာကိုပင်ကျေနပ်နေမိသည်။

ဒဏ္ဏာရီ - θρύλος (completed-9)Where stories live. Discover now