၁၀

546 44 5
                                    

မနက်အိပ်ယာနိုးလာတော့ လေအေးတစ်ချက်အဝေ့မှာ သူ့အသားတွေချမ်းစိမ့်စိမ့်။ ညက အဲကွန်းကိုပြန်မလျော့မိခဲ့လေခြင်းဆိုပြီးနောင်တရသွားရသည်။ သို့ပေမဲ့ သူ၏ရင်ခွင်နားတိုးကာ အိပ်မောကျနေသည့် သူ့မြင်ကွင်းရှေ့မြင်နေရသည့် နိုဝယ့်မျက်နှာလေးကြောင့် ကိုယ်ခန္ဓာအနွေးဓာက်ကပြန်တိုးလာခဲ့သည်။ ဟုတ်သည် ညကသူတို့အတူကုန်ဆုံးခဲ့တာ။ အပေးအယူမျှမျှနှင့် သူတို့နှစ်ယောက်ယစ်မူးခဲ့ကျတာ။ ဘေးပရောဂမပါပဲသူတို့နှစ်ယောက်၏စိတ်ဆန္ဒသဘောအတိုင်း။

နိုဝယ့်အကြောင်းကိုပိုသိချင်လာမိသည်လို့ပြောရင်ထူးဆန်းရာကျနေမလား။ တကယ်အမှန်သူသိချင်နေခဲ့ခြင်းပါ။ ညတုန်းကမှ ကွက်ကွက်ကွင်းကွင်းမြင်လိုက်ရတဲ့ ခါးနဲ့ဆီးခုံအဆက်နားမှာ ဘယ်ဘာသာစကားမှန်းသေချာမသိတဲ့စကားစုတစ်စုကိုတွေ့ခဲ့ရသည်။ သူဘာကြောင့်ထိုစကားလုံးကိုပဲစိတ်ဝင်စားနေသည်မသိ။ ဒါမှမဟုတ် နိုဝယ် ကိုယ်ခန္ဓာပေါ်မှာ တက်တူးရှိနေခြင်းကိုပင်ထူးဆန်းနေခဲ့တာလား။ သူကိုယ်တိုင်တက်တူးထိုးရတာဝါသနာမပါပေမဲ့ နိုဝယ်တက်တူးထိုးထားသည်ကိုတော့စိတ်ဝင်စားမိသည်။

တကယ်က သူအိပ်ယာထဲနိုးကထဲထိုအတိုင်းငြိမ်နေခဲ့မိတာ။ ဘာလို့ဆို နိုဝယ်ကသူ့လက်မောင်းကိုခေါင်းအုံးအိပ်နေခဲ့တာလေ။ သူကိုယ်တိုင်လဲနိုဝယ်နိုးသွားမည်ဆိုး၍မထချင်သေး။ ဒါပေမဲ့ ကုမ္ပဏီကသွားရအုန်းမည်မဟုတ်လား။ ဘယ်လိုလုပ်ရမလဲ။ အတွေးခတ်နေတုန်း ရင်ခွင်ထဲကမိန်းမလှလေးကနိုးလာခဲ့လေသည်။

"မောနင်း ဏရီ နိုးနေတာကြာပြီလား"

"ဟင့်အင်းမကြာသေးပါဘူး"

ပြီးတော့ သူဘာဆက်ပြောရမလဲ။ ညကအဆင်ပြေလားမေးရမှာလား။ ဒါမှမဟုတ် သူတို့နှစ်ယောက်ရဲ့ဆက်ဆံရေး၏အဓိပ္ပါယ်ကိုမေးရမှာလား။ မနက်နိုးနိုးခြင်းဤကိစ္စကိုမေးရင်တော့ရိုင်းရာကျသွားမလား။ လား ပေါင်းများစွာသောမေးခွန်းများကသူ၏အတွေးထဲမှာတောက်လျောက်တန်းစီနေခဲ့တာ ကုတင်ပေါ် နိုဝယ်ငုတ်တုတ်ထထိုင်လိုက်မှသာ မျက်နှာတွေပူပြီး စိတ်နဲ့ကိုယ်ပြန်ကပ်ခဲ့တာ။

ဒဏ္ဏာရီ - θρύλος (completed-9)Where stories live. Discover now