605 46 2
                                    

သူနေသည်ကား သန်လျင် star city ထဲမှ condo တစ်ခုမှာ။ သို့ပေမဲ့ nowl နေသည်ကား မြောက်ဥက္ကလာ capital ဘေးရပ်ကွက်နားမှာဖြစ်သည်။ ထိုဓာက်ပုံသူမဆီရောက်လာသည့်နေ့မှစ၍ ဖုန်းဆက်ယုံသာမက nowl ပြောပြဖူးသည့်လိပ်စာအတိုင်းသွားကြည့်သော်လဲဘယ်သူမှရှိမနေ။ သူနောက်ဆုံးတစ်ခေါက်သွားတော့ အခန်းပြန်အပ်သွားပြီဖြစ်ကြောင်း။ ထိုအချိန်မှစ၍ သူ့မယ် Nowl ကိုဘယ်ကိုလိုက်ရှာရမှန်းမသိခဲ့။ သူကပဲ ရှာဖွေတာညံ့နေသလား။ nowl သည်ပဲရှောင်ပုန်းတော်နေလွန်းသည်လား။

သူမဆီမှာရှိသည့်တစ်ခုတည်းသော nowl နှင့်ပတ်သက်သည့် ဓာက်ပုံတစ်ပုံကိုသာကိုင်၍သူ့မယ် အတွေးပတ်ခြာလည်ရပြန်သည်။

ဒေါက် - ဒေါက်

"ဝင်ခဲ့ပါ"

"မဒဏ္ဏရီ ကျွန်တော် ရောက်ပြီဗျ"

"အာ ဟုတ်သားပဲ ကျွန်မ ရှင်နဲ့ချိန်းထားတယ်ဆိုတာလုံးဝမေ့နေတာ အကယ်၍ ရှင်စိတ်မရှိရင် ကျွန်မကို စောင့်ပေးနိုင်မလား အလုပ်တွေတစ်ခါထဲအပြီးဖျတ်ပေးခဲ့မလို့ပါ"

"ဟုတ်ကဲ့ ရပါတယ်ဗျာ ကျွန်တော်စောင့်ပေးနိုင်ပါတယ် ဒါဆို ကျွန်တော် ကားထဲကပဲစောင့်နေပေးမယ်နော် ကျွန်တော်ရှိရင်အလုပ်လုပ်ရတာမလွတ်လပ်နေမှာစိုးရိမ်လို့ပါ"

"ဟုတ်ကဲ့ ကျေးဇူးတင်ပါတယ် ကိုနေရောင်သွေး"

သူသည် မည်မျှပင် သူ့ဖခင်၏စကားကိုလွန်ဆန်မည်ဆိုသော်ငြားလဲ ဖခင်၏စကားကိုယနေ့အချိန်ထိမလွန်ဆန်နိုင်သေးပါ။ ဒါဟာ သူ၏မိခင်ကြောင့်ဆိုလျှင်ပိုမှန်နိုင်ပါမည်။ သူတို့မိသားစုသည် စည်းစိမ် ငွေကြေး ဂုဏ်ရှိန်ဝါရှိသော်ငြားလဲ အာဏာပါမတ်မောသည့်သူ၏ဖခင်သည် နေရောင်သွေး၏မိသားစုအသိုင်းအဝိုင်းနှင့်ဆက်နွယ်မှုလုပ်စေချင်သည်။ အဘယ်ကြောင့်ဆိုသော် နိုင်ငံရေးအရအာဏာနှင့်လုပ်ပိုင်ခွင့် တစ်စိတ်တဒေသရှိသောကြောင့်ပင်။

ဒယ်ဒီလှမ်းသည့်ခြေလှမ်းများသည်ဘယ်ကိုဦးတည်နေသည်ဆိုတာသိသည့်အလျောက် သူမစိတ်ကျဥ်းကျပ်ရတော့အမှန်ပင်။ သို့ပေတည်း သူ၏ဒယ်ဒီက ကျောထောက်နောက်ခံဆိုသည်ကလွဲရင်ကျန်တာမလိုချင်မှန်းသိနေ၍လဲ ဘာမှဝင်မစွတ်ဖတ်ခြင်းဖြစ်သည်။

ဒဏ္ဏာရီ - θρύλος (completed-9)Where stories live. Discover now