၂၇

416 44 0
                                    

သူရန်ကုန်ပြန်ရောက်တော့ နိုဝယ်မှာ သူ့ထက်အရင်ကြိုရောက်နေပြီဖြစ်သည်။ ဒါကိုသိတော့ နာနာကျင်ကျင်နှင့် ဟန်မဆောင်နိုင်စွာရီမိလေသလား။ သူ့ကိုဘယ်တော့ပြန်လာမှာလဲဟုဖုန်းဆက်မေးသည့်ညက သူအမှန်ကိုမပြောပဲနေခဲ့ရမှာ။

"ဏရီ မျက်နှာလဲမကောင်းပါလား ဘာဖြစ်နေတာလဲဟင် နေမကောင်းဘူးလား ဏရီ့ကြည့်ရတာအားမရှိသလိုပဲ"

"တို့နေကောင်းပါတယ် နိုဝယ်ကော ဒီရက်ပိုင်းဘာတွေလုပ်နေလဲ တို့ဒီမှာမရှိတုန်း"

"ကျွန်မ ဘန်ကောက်ခဏပြန်ပြီးတော့တစ်ရက်လောက်ပါပဲ ဒယ်ဒီကြီးနဲ့သွားတွေ့ရတာ"

"အော်"

အခုသူမြင်နေရသည့် နိုဝယ်မှာ ဂျင်းဘောင်းဘီအပွသားကို t shirt ခပ်ပွပွနှင့်တွဲဝတ်ထားလေတော့ အင်္ကျီကြားပုံကြားထဲနှစ်မြုပ်နေဟန်။ ဒါပေမဲ့ သူမြင်တွေ့ခဲ့သည့် နိုဝယ်က စကပ်အမဲအတိုနှင့် ဗိုက်သားများပေါ်နေသည့်ခါးတိုအင်္ကျီလေးနှင့်အတူ အပေါ်မှ အမဲရောင် ကုပ်တစ်ထပ်ကိုထပ်ဝတ်ထားသည်။ ထို့ပြင် ယခုလိုမျက်နှာခပ်ရှင်းရှင်းမဟုတ်ပါပဲ ချယ်သထားသည့်ဟန်ပန်။ သူမမြင်ဖူးသည့် ဏရီ့ရဲ့ပုံရိပ်ကသူ့ကိုဝမ်းနည်းစေသည်။

"နိုဝယ် တို့ကိုဘာလို့ချစ်တာလဲ"

"ဘာလို့ချစ်တာလဲဆိုပြီးအကြောင်းပြချက်တွေလိုလို့လား ဏရီရဲ့ ကျွန်မ ဏရီ့ကို ဏရီဖြစ်နေလို့ချစ်တာလေ"

"တို့လဲ နိုဝယ်ဖြစ်နေလို့ချစ်တာနိုဝယ် အဲ့တာကြောင့် ကျွန်မကို နိုဝယ်မပြောရသေးတဲ့ကိစ္စတွေရှိသေးရင်အခုဖွင့်ပြောလို့ရတယ်နော် တို့နားထောင်ဖို့အသင့်ပဲ"

"ဘာကိုပြောရမှာလဲဏရီရဲ့ ကျွန်မမှာ ဏရီ့ကိုဖုံးကွယ်ထားတာမရှိပါဘူး"

ဟုတ်ရဲ့လားနိုဝယ်။ မင်းမျက်ဝန်းတွေကတော့ မင်းပြောတာရဲ့ဆန့်ကျင်ဘက်ဖြစ်နေတာ။ တို့သိလာရတဲ့မင်းရဲ့အကြောင်းတွေကအမှားတွေဖြစ်နေပါစေလို့တို့အချိန်တိုင်းဆုတောင်းနေမိတယ်။

"နိုဝယ်"

"ဟင်ပြောလေ ဏရီ ကျွန်မနားထောင်နေပါတယ်"

ဒဏ္ဏာရီ - θρύλος (completed-9)Where stories live. Discover now