780 67 0
                                    

ဇူလိုင်လထဲဖြစ်၍မိုးကသူအရှိန်အတိုင်းရွာနေခဲ့သည်။ မိုးရွာသည်ကိုသူ နှစ်သက်ပါသလား။ မိုးရေထဲလမ်းလျောက်ရမည်ကိုတော့မနှစ်သက်ပါ။ ကားပေါ်ကနေမိုးရေစက်တွေကပြတင်းပေါက်ကနေစီးကျသွားသည်ကိုကြည့်ရင်း ကားလမ်းပလက်ဖောင်းပေါ်မှာထီးတစ်ချောင်းနှင့်ဆိုပေမဲ့ ခြေထောက်အောက်ပိုင်းကိုမိုးရေနှင့်ဆော့နေသည့်ကောင်မလေးတစ်ယောက်ကသူမကိုအာရုံဖမ်းစားလေသည်။

"နိုဝယ်"

ရန်ကုန်မီးပွိုင့်ကတစ်ခါမိရင်အချိန်တော်တော်ကြာတာကိုပဲပြေးကျေးဇူးတင်ရမလို။ ဘာလို့ဆို စိတ်လွတ်ကိုယ်လွတ်မိုးရေထဲထီးတစ်ချောင်းနဲ မိုးရေဆော့နေသည့် နိုဝယ်ဟုခေါ်တွင်ပါသော အမျိုးသမီးငယ်လေးကိုသူမငေးနေမိသည်လေ။ နှုတ်ခမ်းထပ်မှာလဲအပြုံးတစ်ခုတက်လို့ပေါ့။

"ဒီမှာခဏကားရပ်ပေး မိုင်း ကိုယ့်ဘာသာပဲပြန်လာလိုက်တော့မယ်"

"ဒါပေမဲ့မိုးတွေရွာနေတယ်လေ"

"အဲ့တာ မိုင်းရဲ့အပိုင်းပါ ဒယ်ဒီမေးရင်လဲ မိုင်းပြောသလိုသာဖြေလိုက်"

ချက်ချင်းပင် lock ဖွင့်၍ မီးပွိုင့်အစိမ်းခင်ပလက်ဖောင်းကိုအမြန်ပြေးရသည်။ ထို့နောက် နိုဝယ်ရှေ့ရောက်တော့သူမကိုရပ်ကြည့်နေမိလေတယ်။
သူမနည်းတူ နိုဝယ်သည်လဲ မိုးဖွဲအောက်မှာထီးမပါပဲ မိုးရေထဲနေနေသည့် ဒဏ္ဏာရီကြောင့်အံသြနေလေရဲ့။

"ဘယ်လိုဖြစ်တာလဲမိုးတွေရွာနေတာကို လာ နိုဝယ်ထီးဆောင်းပေးမယ်"

ချက်ချင်းဆိုသလို နိုဝယ်သည်သူ၏လူနှစ်ယောက်ဆန့်သည်ဆိုရမည့်ထီးကို သူ့အားဆောင်းပေးလေသည်။

"ကြည့်ပါအုန်းစိုရွဲကုန်ပြီ"

"အစကတော့တို့ပဲစိုတာ အခုမင်းကျောတွေလဲစိုကုန်ပြီ မင်းပဲဆောင်းတာမဟုတ်ဘူး"

ထိုသို့ပြောတော့နှစ်ယောက်သားအတူပြုံးမိသွားလေရဲ့။ တကယ်ဆိုသူမအခုမှလေဆိပ်မှပြန်လာခဲ့ခြင်းပင်။ တစ်လလုံးလုံး နော်ဝေသို့သွားကာ သးမတို့ ကုမ္ပဏီအတွက်အစည်းအဝေးသွားတက်ရပြီး။ ရှယ်ယာဝင်ထားသူများနှင့်နောက်နှစ်အတွက်အစီအစဥ်များကိုရေးဆွဲနေရခြင်းကြောင့် မြန်မာနိုင်ငံမှာရှိမနေပေ။ လေဆိပ်ကဆင်းဆင်းချင်းအိမ်ပြန်သည့်လမ်းမှာ နိုဝယ် ကိုတွေ့လိုက်ရသည့်အခုသူမစိတ်ထဲပျော်သွားသည့်ခံစားချက်ကိုတော့မငြင်းနိုင်ပါ။

ဒဏ္ဏာရီ - θρύλος (completed-9)Where stories live. Discover now