ဒီနေ့ ဆုဝေလေဆိပ်ဆင်းမည်ဆိုသောကြောင့် စောစောထရလေသည်။ ကိုကိုသာ ဆုဝေလာတာသိရင် သူ့ကိုမပြောရကောင်းလားဆိုပြီးဆွေ့ဆွေ့ခုန်နေအုန်းမှာ။ ဒီရက်ပိုင်း သူနှင့်နိုဝယ်က ဘယ်ဇုန်ထဲရောက်မှန်းမသိရောက်နေကျသည်။ တစ်ယောက်နဲ့တစ်ယောက် စကားလဲမပြော သူငယ်ချင်းဇုန်လား အသိဇုန်းလား ရည်းစားဟောင်းဇုန်လား flirt နေတဲ့ဇုန်လား ဘာမှန်းကိုမသိတော့တာပါ။ နှစ်ယောက် သားက စာရွက်အပိုင်းအစများနှင့်သာဆက်သွယ်နေခဲ့တာ။
ဂျစ်ဂျစ်ဂျစ်။ ဂျစ်ဂျစ်ဂျစ်။
ဆုဝေအားသွားကြိုခါနီးမှ ထဖောက်သောကားပါပဲ။ ဆီလဲရှိရဲ့သားနဲ့။ ဘထရီများဝစ်သွားသလား။ ဖြစ်လိုက်ရင်အရေးရယ်အကြောင်းရယ်။ Taxi နဲ့ပဲသွားရတော့မယ်ထင်တယ်။
ဒေါက်။ ဒေါက်။
တံခါးခေါက်သံကြောင့် ဘေးကိုလှည့်ကြည့်မိတော့ နိုဝယ်။ မှန်တံခါးလေးအသာချလိုက်လေသည်။
"ဏရီ ဘာဖြစ်လို့လဲ ကားတစ်ခုခုဖြစ်လို့လား"
သူဘယ်လိုပြန်ပြောရမလဲ။ ထုတ်ပြောရင်လဲ မကောင်း။ သူကဘာမှပြန်မပြောတော့ နိုဝယ်မှာကြောင်တောင်တောင်။ ဘယ်လိုလုပ်ရမလဲပဲဆိုတာစဥ်းစားနေရသည်။ ထိုချိန် နိုဝယ်က သူ့အိတ်ထဲက Note စာရွက်လေးအားထုတ်ပြီးတစ်ခုခုရေးနေခဲ့သည်။
"ကျွန်မကိုစကားမပြောချင်လဲရပါတယ် အခု ဏရီတစ်ခုခုဖြစ်နေတယ်ဆိုရင် ကူညီပေးမလို့ပါ"
ထိုသို့ရေးပြီးသူ့အား လာပြလေသည်။ ဒါကြောင့်ပင် သူ့လက်ထဲက ထို note စာရွက်အားယူပြီးနောက် နိုဝယ့်ဘောပင်နှင့်ပင် စာပြန်ရေးလိုက်ပါသည်။
"ကားကဘာဖြစ်သွားမှန်းမသိဘူး သူငယ်ချင်းတစ်ယောက်ကို လေဆိပ်သွားကြိုမလို့လေ အဲ့တာ"
"ဟုတ်လား ဒါဆို ကျွန်မလိုက်ပို့ပေးလို့အဆင်ပြေမလား ဒီတိုင်း ကျွန်မကဏရီ့ကိုကူညီချင်လို့ပါ ဏရီလက်မခံလဲရတယ်နော်"
လက်မခံစရာလား အရူးမလေးရဲ့။ အခုလို တကူးတကလာမေးဖော်ရတာနဲ့တင် တို့နှလုံးသားလေးကအရည်ပျော်နေရပြီ။ ဟန်ဆောင်ရတာပင်ပန်းတာပဲ။ ဒါတွေဟာတိုက်ဆိုင်မှုသက်သက်သာဖြစ်ပါစေလို့တို့ဆုတောင်းတယ်နော်။
YOU ARE READING
ဒဏ္ဏာရီ - θρύλος (completed-9)
Romanceတစ်ခါတစ်လေကျတော့လဲ ဆန်းကြယ်တဲ့ ဒဏ္ဏာရီ ထဲကို ခုန်ဆင်းချင်မိပါရဲ့။