၁၇

460 44 0
                                    

စာပွဲ ခုံပေါ်က stick တစ်ခုနှင့် ဖိုင်တစ်ခုကိုကြည့်ရင်း စဥ်းစားခန်းဖွင့်နေမိသည်။ ဘယ်သူ့ဆီကို ဒီဖိုင်များအရင်ပို့သင့်ပါသနည်း။ လက်စားနေတဲ့ ပြည်ထဲရေးဝန်ကြီးကိုလား။ ဒါမှမဟုတ် အာဏာလိုချင်တဲ့ ဦးဥာဏကျော်ဆီသို့လား။

ခရီးကပြန်ရောက်ပြီးကထဲက ဏရီနှင့်မတွေ့ဖြစ်တာ သုံးရက်ကြာပြီဖြစ်သည်။ သူကိုယ်တိုင်လဲ ဏရီ့ကိုအလုပ်များမအားသေးလို့ဟုဆိုကာသွားမတွေ့ပဲနေခဲ့တာ။ ဏရီပေးထားသည့်လက်စွပ်လေးအားချွတ်ကာ ထိုစားပွဲပေါ်မှဗူးထဲအသာထည့်ပြီးနောက် ထိုနေရာမှထွက်လာခဲ့လေသည်။

မနတ်ဖြန်ဆို ဏရီနဲ့နေရောင်သွေးရဲ့စေ့စပ်ပွဲ။ သူသွားကာအားပေးသင့်သလား။ ဒါမှမဟုတ် ညတွင်းချင်းပွဲဖျတ်သင့်သလား။ ဒါပေမဲ့ ဏရီ့သိက္ခာရှိနေ၍ ထိုသို့လုပ်လျှင် ဏရီ့ကိုမထိခိုက်နိုင်ပါဘူးဟူ၍မပြောနိုင်ပါ။ အနည်းဆုံးတော့ နေရောင်သွေးမိသားစုနောက်ခံကြောင့် ဏရီ့စီးပွားရေးထိခိုက်နိုင်မည်ဆိုတာတော့သူသိသည်။

ညဘက်ဏရီ့အိမ်ဘက်သို့ကားမောင်းသွားလိုက်ပြီးနောက် ဏရီ့အခန်းကိုမြင်ရသည့်နေရာနားလောက်မှာကားကိုရပ်ပြီး ဏရီ့အားတွေ့ရလေမလားဟုစိတ်အထင်နှင့်ကြည့်နေမိတာအချိန်တစ်ခုကြာ။ ပိတ်ထားသည့်ဖုန်းကိုဖွင့်လိုက်လေတော့ ဏရီဆီမှ ခေါ်ဆိုထားသော miss call များနှင့် message ပေါင်းများစွာ။ ဘယ်လောက်လွမ်းနေကြောင်း။ ဖြစ်နိုင်ရင်ထွက်ပြေးချင်ကြောင်း စာလွှာများ။

ဏရီရယ် ကျွန်မက ရှင့်ကိုကောင်းကောင်းမွန်မွန်နဲ့ပဲလိုချင်တာ အဲ့လိုခိုးယူရမှဆို အရင်ကထဲကရှင့်ကိုပိုင်တာဖြင့်အချိန်ကြာလှပြီပေါ့။ ရှင့်မျက်နှာလေးညိုးနေရင်တောင် ကျွန်မလေ ကျွန်မစိတ်တောင် ကျွန်မအစိုးမရဘူးဏရီရယ်။ တနေ့တနေ့ ဆေးနဲ့ရမ္မတ်ကိုအဖော်ပြုပြီးနေနေတဲ့ကျွန်မကို ရှင်များသိသွားရင် ဘယ်လိုလုပ်မလဲဆိုတဲ့စိတ်နဲ့ ရှေ့ဆက်မတိုးရဲဘူးဏရီ။ ကျွန်မ ရူးလောက်အောင်ရှင့်ကိုချစ်နေမိပြီထင်ရဲ့။ ကျွန်မအကြောင်းတွေအကုန်သိသွားခဲ့တဲ့အချိန်တစ်ခုရှိလာခဲ့ရင် မချစ်တော့ရင်တောင် မုန်းတော့မမုန်းလိုက်ပါနဲ့ဏရီ။ ကျွန်မကိုရှင်တစ်ခါမုန်းတယ်ပြောရင် ကျွန်မဘာတွေလုပ်မိမယ်ဆိုတာမခန့်မှန်းနိုင်လို့ပါ။

ဒဏ္ဏာရီ - θρύλος (completed-9)Where stories live. Discover now