၁၈

453 41 0
                                    

ဏရီ့အဖေဖြစ်သူနှင့်တွေ့ပြီးတစ်ပတ်လောက်ကြာတော့ နေရောင်သွေးရှိတဲ့ ကုမ္ပဏီထိသူသွားတွေ့ခဲ့တယ်။ ပြီးခဲ့တဲ့တစ်ပတ်လုံးလုံးမှာလဲ သူစိတ်ထင်နေတာကိုပိုသေချာအောင်စုံစမ်းခဲ့တယ်။ ဏရီနဲ့ပတ်သက်ရင် အဲ့ဒီလောက်ထိသူကရူးသွပ်နေပြီလေ။ ဏရီက သူ့ကိုထိခိုက်မည်စိုး၍အဆက်အသွယ်ဖြတ်ထားသည့်အချိန်မှာ တညတညကို အရက်နဲ့အဖော်ပြုနေရတာ ဏရီမှမသိပဲ။ သူ့ပုံစံကိုဏရီသာသိရင် ဘယ်လောက်တောင်စိတ်မကောင်းဖြစ်နေရမလဲ။ တနေ့တနေ့ ဏရီ့ကိုနောက်ကနေတိတ်တိတ်လေးလိုက်ကြည့်ရတာသူ့အတွက်အလုပ်တစ်ခုလိုဖြစ်နေခဲ့ပြီ။ ဒယ်ဒီကြီးသိရင်တော့အဆူခံရမှာသေချာပါသည်။ ရှိသမျှအလုပ်များကိုပြစ်ပြီး မိန်းမတစ်ယောက်အတွက်နဲ့အချိန်ကုန်ခံနေသည်ဟုဆူချင်ဆူနေမှာ။ မတက်နိုင် အခုချိန်မှာ သူသိတာ ဏရီနဲ့အမြန်ဆုံးပြန်နီးစပ်ပြီးတော့ ကျားတွင်းထဲကနေ ပြန်ကယ်တင်ဖို့ပါပဲ။

ဏရီသိလား အရာအားလုံးရဲ့အစက အဲ့ဒီ့နေရောင်သွေးဆိုတဲ့ လူကဖန်တီးခဲ့တာဏရီ။ ဏရီနဲ့ကျွန်မရဲ့ပုံတွေကို ဏရီ့အဖေသိအောင်ပို့ပေးခဲ့တာလဲသူပဲဏရီ။ သူ့အကြောင်းသေချာစုံစမ်းလေလေ နေရောင်သွေးဆိုတဲ့လူက အရမ်းရွံဖို့ကောင်းတဲ့သူဖြစ်နေတာဏရီ။ ဏရီနဲ့ကျွန်မ မသိခင်ကထဲက ဏရီသူ့ကိုမသိခင်ကထဲက ဏရီ့ဘေးနားမှာသူရှိနေခဲ့တာ။ ဏရီ့ဘေးနားကလူတွေဏရီဘေးကတစ်နည်းမဟုတ်တစ်နည်းနဲ့ထွက်သွားအောင်လဲ သူလုပ်ခဲ့တာတဲ့ဏရီရယ်။ ကျွန်မလေအဲ့ဒီ့အကြောင်းတွေအခုမှသိရလို့ ဏရီ့ကိုအားလဲနာမိတယ်။ စောစောကထဲကသာသိရင် နေရောင်သွေးဆိုတဲ့သူ ဏရီ့အနားမရောက်အောင်ကျွန်မလုပ်ခဲ့မိမှာ။ အခုတော့ နောက်ကျခဲ့ရတယ်ဏရီရယ်။ ဒါပေမဲ့စိတ်မပူပါနဲ့ဏရီ။ ဏရီ့ဘေးမှာ ကျွန်မရှိနေသ၍ အဲ့လူ ဏရီ့ကိုမပိုင်ဆိုင်စေရဘူး။ ဏရီမှဲ့တစ်ပေါက်တောင်မစွန်းစေရဘူးဏရီ။

"တွေ့ရတာဝမ်းသာပါတယ် ကျွန်တော်နေရောင်သွေးပါ ဘာကိစ္စများရှိလို့လဲခင်ဗျ"

"အဟင်း ဟန်ဆောင်မနေပါနဲ့ရှင် ရှင့်အကြောင်းတွေကျွန်မအကုန်သိပါတယ် ရှင်ဘယ်လိုမျိုးနဲ့ဏရီ့အနားချည်းကပ်ခဲ့တာကအစ အကြောက်းအရာအစအဆုံးကျွန်မသိပြီးပြီ နောက်ဆုံး ကျွန်မတို့နောက်ကိုနောက်ယောင်ခံလိုက်နေတာအဆုံးပေါ့"

ဒဏ္ဏာရီ - θρύλος (completed-9)Where stories live. Discover now